အတ္တရောင်စဉ်
စီးပျော်နေတဲ့ လောကကြီးကို
အနီရောင် ရဲရင့်မှု့တွေနဲ့
ဖြတ်ကျော်လိုက်ပါ...ချစ်သူ
ဒဏ်ရာဆိုတာ
စစ်မြေပြင်ရဲ့ အမှတ်တံဆိပ်ပါ
အချစ်ဒဏ်ရာရခဲ့လို့
တွေးလန့်မှု့နဲ့ကြောက်နေမယ်ဆိုရင်
အတ္တရောင်စဉ်
အစိမ်းလွင်ပြင်မှာ
ဟားတိုက်ခံရမှာပေါ့
ရဲရင့်လိုက်စမ်းပါ...ချစ်သူ
ခရမ်းရောင်ဂီတကြားမှာ
မဟူရာကော်ဖီသောက်ရင်း
ကခုန်လိုက်ရအောင်
အချစ်ကမ္ဘာကို
နှလုံးသားသံစဉ်အသစ်နဲ့ပေါ့...
Thursday, January 17, 2008
ရောင်စုံခြယ်
Posted by
ကောင်လေး
at
7:17 PM
1 comments
Labels: ကဗျာ
Friday, January 11, 2008
တွေးတောမိသောအကြောင်းအရာတစ်ခု
ကျွန်တော်လဲ ဘလော့ဂ်လေးကို ၀င်မရေးဖြစ်တာ ကြာပြီ..ဟိုတစ်နေ့ကျွန်တော် ပျင်းပျင်းနဲ့မြန်မာဗွီဒီယို တစ်ကားကြည့်လိုက်တယ် ...မိဘ မေတ္တာဘွဲ့ကားလေးပေါ့.. ဒီကားလေးကို ကြည့်ပြီး ကျွန်တော်အမေကို ကျွန်တော်အရမ်းသတိရလာတယ် ..ပြီးတော့ မိဘတွေကို ပိုပြီးတော့ ကျွန်တော်လေးစား မြတ်နိုးမိလာတယ်..ပြီးတော့ ကျွန်တော်ကို လည်းအတွေးတွေ အများကြီးပေးသွားတယ်..မိဘဆိုတာ သားသမီးတွေကို ကိုယ်ဝန်ဆောင်ထဲ ကမမွေးဖွားရသေးတဲ့ သားသမီးအတွက် ကြိုတင်စိုးရိမ်ပြီး အစားအသောက်အနေ အထိုင်က အစဂရုစိုက်ခဲ့ရတယ်...... သူတို့အရမ်းကြိုက်တဲ့ အစားအသောက်တောင် ဒါလေးငါ စားလိုက်ရင် ငါ့ရင်သွေးလေး ဘာဖြစ်သွားနိုင်တယ်ဆိုပြီး သူတို့ရဲ့စိတ်ဆန္ဒတွေ ကိုမျိုသိပ် ခဲ့ရတယ်.. မွေးဖွားတော့လည်း သူတို့ရဲ့အသက်အန္တရယ်ကြားကနေ မွေးဖွားလာခဲ့ရတယ်..မွေးဖွားပြီးတော့လည်း သားသမီးတွေ ရဲ့ရှေ့ရေးအတွက်ကြိုတင် တွေးတောပူပန်ကြပြန်ရော...ဒါတွေ ဒီလိုပေးဆပ်နေတာဟာ မျှော်လင့်ချက်တွေနဲ့ ပေးဆပ်ခဲ့တာ မဟုတ်ပါဘူး.. သားသမီးတွေအဆင်ပြေတယ်ဆို သူတို့မှာပီတိတွေတဝေေ၀နဲ့ လူတွေကြားမှာပျော်ရွှင်နေလိုက်တာ..ကိုယ့်သားသမီးက မလိမ္မာတော့ လည်း အပြောအဆိုခံကျရတာပေါ့..ဒါတွေက သူတို့ပြန်ရလိုက်ရတဲ့ အရာတွေပါ.. သားသမီးတွေက အရွယ်ရောက် အိမ်ထောင်တွေကျသူ တို့ကို စွန့်ခွါသွားကြရော..သူတို့ဘာမှပြန်ရတာ မဟုတ်ဘူး..အနီးနေတုန်းက မိဘကျေးဇုးကို ကျွန်တော် ဒီလောက် မစဉ်းမိသေးဘူး .. အဝေးရောက်မှ အိမ် နဲ့အမေကို ပိုလွမ်းပိုတမ်းတ မိလာကြတယ်..ကျွန်တော်တို့ ညီအစ်ကိုတွေက အမေနဲ့ နေတာကြာတော့ အမေကို ပိုချစ်ကြတယ်..အမေက ကျွန်တော်တို့တွေကို ရရာအလုပ်လုပ်ပြီး ပညာတတ်ကြီးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေး ခဲ့တယ် .. သူကိုယ် တိုင် ပညာမတတ်ပေမယ့် သူသားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တာ အမေဆန္ဒတွေပါ..ဒါပေမယ့် ကျွန်တော် မလိမ္မာခဲ့ဘူး..အ မေကျွန်တော်တို့ကိုရိုက်ပြီး ဆုံးမသမျှကို ကျွန်တော် ကိုမချစ်လို့ပဲလို့ ကျွန်တော် နားလည်ခဲ့တယ် ..ဒါကြောင့်ကျနော် လုပ်ချင်တာတွေ ကို လျှောက်လုပ်ခဲ့မိတယ်..ကျွန်တော်ကြောင့် အမေ ပတ်ဝန်းကျင်မှာဘယ်လို မျက်နှာငယ်ခဲ့ ရတယ်ဆိုတာ ကျွန်တော်မစဉ်းစားခဲ့မိဘူး.. အစကမှ ပိုက်ဆံမရှိလို့ လူတွေကနှိမ်ချင်ပါတယ် ဆိုမှ ကျွန်တော်ကြောင့် အမေ ပတ်ဝန်းကျင်မှာ ဆွေမျိုးတွေကြားထဲမှာ ခေါင်းမဖော်ရဲ အောင် ဖြစ်ခဲ့ရတယ် .. သူမှာဘယ်လောက် အခက်အခဲတွေရှိရှိ အင်္ပြုးမပျက် ရင်ဆိုင်ခဲ့တဲ့ အမေ..ကျွန်တော်ကြောင့် မျက်ရည်အကြိမ် ကြိမ် ကျခဲ့ရတယ်..အမေ နောက်ဆုံးပြောခဲ့တဲ့နောက်ဆုံးစကားတစ်ခွန်း ကြောင့် ကျွန်တော် ဘ၀ကို ကျွန်တော် ပြူပြင်ခဲ့ မိတယ် ..ဘာလဲ ဆိုတော့“ငါ ဘယ်လိုအခက်အခဲမဆို ငါ့ရင်စည်းခံနိုင်တယ် ၊ငါကိုပတ်ဝန်းကျင် ကဘယ်လိုလိုပြောပြော ငါမမှု့ဘူး ..ငါရင်ဆိုင်ရဲတယ် ..ငါ ရင်မဆိုင်ရဲတာ ငါမွေးတဲ့ငါသားသမီးတွေ ငါလို ပညာတတ် မဖြစ်မှာ၊ ပတ်ဝန်းကျင်ရဲ့ အချိုးအနှိမ်ကို ခံရမှာကိုပဲ.. မင်း ဘာသူ စဉ်းစားပေါ့ ” ..ဒါ ကျွန်တော်(၁၀)တန်းကို ရောက်တဲ့နှစ်မှာ ကျွန်တော်ကို အမေ ပြောခဲ့တာပါ..ကျွန်တော် ဒီစကားတွေကြောင့် ကျွန်တော် ဘ၀ ကိုပြု ပြင်ခဲ့တယ်.. အခုတော့ အမေ လိုချင်တဲ့ ဘ၀ တစ်ခု ကိုကျွန်တော် ပိုင်ဆိုင် ခဲ့ပြီ..အမေရဲ့စကားတွေဟာ ကျနော်အတွက်တော့ ခွန်အား တွေပါ.. ကျွန်တော် ဒီဘ၀ကို ရောက်တော့ အမေ ဘာတွေ ခံစားရလဲ.. ပီတိတွေ ပတ်ဝန်းကျင်ရဲ့ ချီးကျူးမှု.တွေပဲ ရခဲ့ရတာပါ..အားလုံး ဟာကျွန်တော် တို့အတွက်ချည်းသူ လုပ်ပေးရတာချည်းပါ .. ကျွန်တော်ဆိုလိုချင်တာက မိဘဆိုတာ သူတို့ရဲ့ အနေအထား၊ဘ၀ပေးအ ခြေနေပါ် မူတည်ပြီး သားသမီးတွေကို ထိန်းကြောင်းကြရတာပါ.. သားသမီးကို ချစ်သော်လည်း သူတို့ကို မှီခို ကိုယ့်အစွမ်းအစကို ထုတ် မသုံးတတ်မှာ ဆိုးလို့ မချစ်ချင်ယောင်ဆောင် နေပြရတာ တွေလဲရှိကြတယ်..သားသမီးကို ကောင်းစေချင် လို့ရိုက်နှက်ရပေမယ့် သူတို့ ရင်ထဲမှာဘယ်လောက်ထိ စိတ်ထိခိုက်ရတယ် ဆိုတာကျွန်တော် တို့ သိခဲ့ရပြီ..ကျွန်တော် ဘ၀ရဲ့မီးရှူးတန်ဆောင်ဟာ အမေပါ..ထို ကြောင့်ကျွန်တော် တို့အသက်ရှင်သရွေ့ ကာလပတ်လုံး ကျွန်တော်တို့မိဘတွေကို မမေ့ကြပါနဲ့လို့ကျွန်တော် တိုက်တွန်းပရစေ..
Posted by
ကောင်လေး
at
3:43 PM
0
comments
Labels: ခံစားချက်
Sunday, January 6, 2008
သံယောဇဉ်(အစအဆုံး)
၁၀ပေပတ်လည်အခန်းထဲမှာလျှပ်စစ်မီးရောင်တွေလင်းထိန်နေတယ်။ကက်ဆက်သံကိုခဏပိတ်ထားမိတယ်။
စိတ်တွေကိုအတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပြီး ဆေးလိပ်၁လိပ်ကိုမီးညှိရှိုက်ဖွာလိုက်တယ်။မိန်းကလေးတစ်
ယောက်ကိုအမြတ်တနိုးတန်ဖိုးထားပြီးဘ၀ရဲ့မအစိတ်အပိုင်းတခုနဲ့ရင်းပြီးစွဲလန်းဖူးတယ်၊ချစ်ခဲ့ဖူးတယ်။စိတ်
လှုပ်ရှားခဲ့ဖူးတယ်။လူမသိတိတ်တိတ်လေးပေါ့။နှစ်ရှည်လများထားခဲ့တဲ့မျှော်လင့်ချက်၊ဖြတ်တောက်ဖို့ခက်တဲ့
သံယောဇဉ်ကြိုးနဲ့စိတ်ကူးယဉ်အိပ်မက်တွေအားလုံးအချိန်ဆိုတဲ့ဇယားကြီးအောက်မှာပျက်စီးသွားခဲ့ရတယ်။
လူမသိ၊သူမသိတိတ်တိတ်လေးပါဘဲ။ကျနော်ထက်အသက်ကြီးတဲ့သူမကိုတစ်လုံးထဲ“မ“လို့ကိုယ်တိုင်သတ်မှတ်ပြီး
ခေါ်ဆိုခဲ့ဖူးတယ်။ကျနော်အနားမှာရှိတဲ့“မ“ကိုဘယ်အချိန်ဘယ်ကာလမှာစချစ်မိသွားလဲဆိုတာကျနော်သတိမ
ထားလိုက်မိဘူး။ကျနော်သိလိုက်ရတဲ့အချိန်မှာတော့“မ“ကကျနော်ရင်ထဲကိုအခိုင်အမာငြိတွယ်ဝင်ရောက်နေ
ပြီ။သီရိသစ္စာဆိုတဲ့ ကျနော်တို့အအေးဆိုင်လေးကိုတစ်ပတ်မှာ၃ရက်လောက်“မ“ကြံရည်လာသောက်တတ်
တယ်။အဲဒီလိုလာသောက်တဲ့အခါတိုင်း ကြံရည်သွားသွားချပေးရင်းဟ“မ“ကိုစပြီးသတိထားမိခဲ့တယ်။ရတနာပုံ
တက္ကသိုလ်ကြီးထဲမှာရူပဗေဒဒုတိယနှစ်တတ်ရောက်နေတဲ့ကျနော်ဟာ ပန်းရောင်စုံတွေအမြဲမြင်တွေ့ရပေမယ့်
စိတ်လှုပ်ရှားရှားရင်မခုန်ခဲ့ပါဘူး။ဒါပေမယ့် “မ“ကိုစတွေ့ပြီးနောက်ပိုင်းမှာတော့ရင်ခုန်သံတွေပြန်လည်အသက်
ဝင်လာခဲ့ပါတယ်။စစ်စိမ်းရောင်ဆိုင်ကယ်လေးစီးပြီး”မ”ရောက်လာတတ်တဲ့ အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့တွေ
ကိုပဲကျနော်မျှော်နေမိတယ်။စီးပွားရေးဒီပလိုမာသင်တန်းလို.ကျနော်သိထားတဲ့L.C.C.Lသင်တန်းမှာတတ်တယ်
သင်တန်းပြီးတာနဲ့ကျနော်တို့ဆိုင်လေးကိုလာပြီးသံပရာသီးတစ်စိတ်ညှစ်ထားတဲ့ကြံရည်တစ်ခွက်အမြဲမှာ
သောက်သည်။“မ”နံမယ်ဘယ်လိုခေါ်တယ်၊ဘယ်မှာနေတယ်ဆိုတာဘာတစ်ခုမှမသိသေးပါဘူး။ဒါပေမယ့် ကျ
နော်ရင်ထဲမှာတော့“မ”နဲ့ပတ်သက်ပြီးဖြူစင်သန့်ရှင်းတဲ့တဘက်တတ်ချစ်ခြင်းတရားတွေအများကြီးဖြစ်ပေါ်ခဲ့ပါ
တယ်..နောက်ပိုင်းမအအေးလာသောက်တဲ့နေ့တွေဆို“မ”အတွက်သီးသန့်သွင်းထားတဲ့“မ”သီချင်းတိတ်ခွေလေး
ဖွင့်ပြဖြစ်တယ်။“မ”အအေးလာသောက်နေတဲ့အချိန်မှာဆိုင်ရဲ.တထောင့်ကနေ“မ”ကိုတိတ်တခိုးရင်ခုန်နေရယုံ
နဲ့ကျေနပ်ပီတိဖြစ်နေမိတယ်။ဒီထက်ပိုပြီးတော့“မ”နဲ့ခင်မင်ရင်းနှီးခွင့်ရအောင်ကျနော်မကြိုးစားချင်ဘူး။ဘာလို.
လဲဆိုတော့ကိုယ်ဘ၀အခြေအနေကိုယ်တာအသိဆုံးမို.ပါ။
မထင်မှတ်တဲ့လူတစ်ယောက်၊ဒါမဟုတ်ကိုယ်အရမ်းတွေ့ချင်တဲ့လူတစ်ယောက်ကိုမထင်မှတ်တဲ့အချိန်မှာ
တွေ့မယ်ဆိုဘယ်လိုခံစားရမလဲ။ပထမနှစ်ထဲကတစ်တန်းထဲအတူတတ်လာတဲ့မျိုးဝင်းကမနက်ဖြန်သူ
အိမ်ကိုလာဖို့ခေါ်တယ်။“ဘာလုပ်ဖို့လာရမလဲကွာ”“မနက်ဖြန်ငါ့တို့အိမ်တတ်မင်္ဂလာရှိတယ်၊မင်းနဲ.ငါ့သူ
ငယ်ချင်းဖြစ်ပြီးတဲ့နောက်ပိုင်းမင်းငါ့အိမ်ကိုတစ်ခါမှမရောက်ဘူးသေးဘူးမဟုတ်လား၊ငါ့ကသာမင်းအိမ်
ခဏခဏရောက်နေတာမင်းမလာတတ်လဲရတယ်၊မနက်ဖြန်မနက်(၉)နာရီမှာမင်းအိမ်ကိုငါ့လာခေါ်မယ်
မင်းအဆင့်သင့်လုပ်ထား”ကျနော်လည်းမငြင်းသာတော့ပဲခေါင်းငြိမ့်လိုက်ရတယ်။ဟုတ်ပါတယ်လေ
တက္ကသိုလ်စတတ်လာထဲကအတူတွဲလာတဲ့သူငယ်ချင်းဆိုလို့ပြေးကြည့်မှမျိုးဝင်းတစ်ယောက်ပဲရှိတာ။
မိဘတွေကငွေကြေးအတော်အသင့်ချမ်းသာပေမယ်ကြွားဝါခြင်းကင်းသောတကယ်သူငယ်ချင်းကောင်း
တစ်ယောက်ပါ။နောက်နေ့မနက်မျိုးဝင်းတို့အိမ်ရောက်တော့ကျနော်စားပွဲအလွတ်တစ်နေရာမှာထိုင်နေ
မိတယ်။မျိုးဝင်းကတော့အုန်းနို့ခေါက်ဆွဲပြင်နေလေရဲ့။အမှတ်မထင်ဧည့်ခန်းထဲကိုလှမ်းအကြည့်ပါတိတ်
ဝမ်းဆက်ဝတ်ထားတဲ့“မ”ကိုတွေ.လိုက်ရတယ်။တခဏအတွင်းကျနော်မှင်သက်သွားမိတယ်။သူကကျ
နော်စားပွဲဝိုင်းကိုလာပြီး“မောင်လေးကကိုမျိုးသူငယ်ချင်းလား”တဲ့။ကျနော်ခေါင်းငြိမ့်ပြတော့သူကကျ
နော်ကိုပြုံးပြတယ်။ကျနော်ပျော်လည်းပျော်သွားတယ်။မပျော်လည်းမပျော်ဘူး၊မျိုးဝင်းရောက်လာတော့
“မမသွယ်ဒါကျနော်သူငယ်ချင်းကိုကိုဇော်၊ဒါငါ့အစ်မမမိုးကေသွယ်”ကျနော်သိချင်မြင်ချင်နေတဲ့“မ”လိပ်
စာကိုကာယကံရှင်ရှေ့မှာတင်သိခွင့်ရလိုက်တယ်။ကျနော်အိမ်ကိုရောက်တော့တစ်ခုခုကိုနားလည်လိုက်
သလိုပဲ၊“မ”နဲ့ကျနော်ကြားမှာစည်းတခုခြားသွားသလိုပေါ့။ဘယ်လိုစည်းလဲဆိုတာကျနော်မသိဘူးဗျာ....
အိမ်တတ်မင်္ဂလာပြီးတဲ့နေ့ကစပြီး“မ”နဲ့ကျနော်ကြားမှာခင်မြင်မှု့တွေတိုးလာတယ်၊အခုဆိုရင်“မ”အအေး
သောက်တဲ့အခါတိုင်းကျနော်စကားပြောခွင့်ရသလိုသူတို့အိမ်ကိုလည်းအ၀င်အထွက်တွေတဖြည်းဖြည်း
စိတ်လာသည်။“မ”နဲ့ကျနော်နဲ့ခင်မင်မှု့တွေတိုးပွားလာသည်နှင့်အမျှကျနော်ရင်ထဲမှာရှိနေတဲ့ချစ်ခြင်း
တွေကိုလည်း“မ“သိအောင်မဖော်ပြမိဖို့ထိန်းသိမ်းခဲ့ရတယ်။ကိုယ်ချစ်နေတဲ့လူတစ်ယောက်ကိုချစ်ပါတယ်
လို့ပါးစပ်ကနေဖွင့်ပြောခွင့်မရတဲ့အဖြစ်မျိုး၊အမူအရာအားဖြင့်ဖော်ပြခွင့်မရတဲ့အဖြစ်မျိုးကြုံဘူးကြမှာမဟုတ်
ပါဘူး......................အဲဒီလို..အဲဒီလိုနဲ့ပေါ့ဗျာ...အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတာနဲ့အမျှအသက်အ
ရွယ်တွေလည်းကြီးရင့်လာတယ်.။ဘသကပေးတဲ့အတွေ့အကြုံတွေများလာသလိုဆက်ဆံရတဲ့လူမှု့ပတ်ဝန်း
ကျင်အသိုင်းအ၀ိုင်းနဲ့တွေးခေါ်ယူဆမှု.တွေကျယ်ပြန့်လာခဲ့တယ်၊ယခုဆိုရင်ကျနော်ဟာဘွဲ့ရပြီးမုံရွာမြို.က
စက်မှု့လက်မှု့အသင်းမှာအတွင်းရေးမှုးအဖြစ်တာဝန်ထမ်းဆောင်နေသလို၊မျိုးဝင်းကတော့internet cafe
ဖွင့်ထားပြီး၊“မ”ကတော့ဆေးတက္ကသိုလ်မှာဆေးဆိုင်ဖွင့်ထားတယ်၊အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွား
ပေမယ့်ကျနော်ရင်ထဲမှာတော့“မ”နဲ.ပတ်သတ်တဲ့ခံစားချက်တွေကအချိန်တွေဘယ်လောက်ကြာကြာနေရာ
တွေဘယ်လောက်ဝေးဝေးသွေးမအေးခဲ့ပါဘူး..ရင်ထဲကခံစားချက်တွေကိုသူတနည်းနည်းနဲ့သိအောင်လုပ်ဖို.
ဆုံးဖြတ်ချက်ချလိုက်တယ်၊အဖြူရောင်စာရွက်လေးတရွက်ပေါ်မှာ“ကျနော်သိပ်ချစ်ရပါသော“မ”လို့”ခေါင်းစဉ်
တပ်ပြီးတော့“မ”ကိုဘယ်လောက်ချစ်ကြောင်းတွေချရေး၊မမိုးကေသွယ်ဆေးဆိုင်ကိုလိပ်မူပြီး“ကောင်လေး”
ဆိုတဲ့အမည်နဲ့စာလေးတစ်စောင်ပို.လိုက်တယ်။
ခံစားချက်တစ်ချို့ ကိုဖွင့်ထုတ်ရလို့ ရင်ထဲမှာပေါ့ပါးသွားသလို၊ ဒီစာရေးလိုက်တာ ကျွန်တော်ပါလို့ သူရိပ်မိသွားရင် သူဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးကလဲ အရမ်းရင်ခုန်ရပါတယ်။ သူနဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို ကျွန်တော်ဘယ်သူမှ ဖွင့်ဟမပြောခဲ့ပါဘူး၊ ကျွန်တော် မ အပေါ်မှာ ထားတဲ့အချစ်အတွက် လူသိစရာ မလိုပါဘူး။ လူမသိသူမသိ တိတ်တိတ်လေး ချစ်နေရတာကိုက ကျွန်တော်ရင်ထဲမှာ ရှိတဲ့သစ္စာတရား ကိုပိုပြီးလေးနက် စေတယ်လို့ ကျွန်တော်ထင်တယ်။ တနေ့မှာ အကြောင်းတိုက်ဆိုင်စွာနဲ့ မန္တလေးဆင်းတဲ့ အချိန်မှာ မမိုး ကေသွယ်နဲ့ တွေ့ခွင့်ရလိုက်တယ် ။ကျွန်တော်ကို တွေ့တော့
စာတစ်စောင်ထုတ်ပြပြီး "ဒီစာကို မင်းရေးတာလားတဲ့" ကိုယ်တိုင်ရေးထားတဲ့ စာလေးကို တွေ့ရတော့ ၀မ်းသာသွားတယ်၊"ဘာဖြစ်လို့လဲ မမိုး" အမမှာ မုံရွာကအသိ မရှိဘူး၊ စာတိုက်တံဆိပ်က မုံရွာကဖြစ်နေလို့ပါ ၊မုံရွာ ကအသိဆိုလို့ အမမှာမင်းတစ်ယောက်ထဲ ရှိတာ၊ မင်း မဟုတ်ဘူးလား" ယောကျာ်းမဆန်ဘူးလို့ ထင်ချင်ထင်ပါတော့၊ မ မေးတဲ့ မေးခွန်းကို ကျွန်တော် ငြင်းဆိုခဲ့တယ်၊ "ကျနော် မဟုတ်ဘူးလို့" သူက သေချာတယ်နော်လို့ ထပ်မေးတော့ ကျွန်တော်ခေါင်းငြိမ့် ပြလိုက်တယ် ၊ အဲ့ဒီ နောက်ပိုင်း ကျွန်တော်အပေါ် ဆက်ဆံရေးတွေ တင်းမာလာခဲ့တယ်၊ "ကောင်လေး" ဆိုတဲ့ နံမယ်လေးနဲ့ စာလေးတစ်စောင်ပို့ တာတောင်ဒီ လောက်ဖြစ်နေတာ ၊ ပါးစပ်က ဖွင့်ပြောမိရင် တွေးတောင် မတွေးဝံ့ပါဘူးဗျာ၊ နောက်ပိုင်းမှာတော့ တစ်လ ကိုတစ်စောင်လောက် စာရေးဖြစ် တယ်၊မကိုကျွန်တော် ချစ်တယ်၊ အရမ်းချစ်တယ်လို့ စိတ်ထဲကနေ အကြိမ်ကြိမ် ရေရွတ်မိတယ်၊ ကျနော်ရဲ့အခြေအနေက ဘယ်လောက်ထိ ဆိုးရွားလာသလဲဆိုရင် အခါအခွင့်သင့်လို့ မျိုးဝင်းဆီကိုဝင်ရင် မ က ကျနော်တွေ့တာနဲ့ အကြောင်းအမျိုးအမျိုးပြပြီး ရှောင်ထွက်တာ မျိုး၊ ဒါမှမဟုတ် အပေါ်ထပ်ကိုတတ်သွားတာ မျိုးတွေဖြစ်လာတယ်။ ကျနော်အခု အသက်အရွယ်ထိ အချစ်ကို မကိုးကွယ်ခဲ့ပါဘူး၊ ဒါပေမယ့် မ နဲ့ပတ်သတ်ရင် အတိုင်းအတာ တစ်ခုထိအချစ်ရှေ့မှာ ဒူးထောက်ဖို့ ၀န်မလေးဘူး။ သူများတွေအတွက် အချစ်သီအိုရီတိုင်းဟာ မှန်ကန် ပေမယ့် ၊ ကျနော်ကျတော့ အချစ်နဲ့ ပတ်သတ်တဲ့ သီအိုရီတိုင်းဟာ ပြောင်းပြန်ဖြစ်သွားခဲ့တယ် ၊ အဝေးကနေပြီးတော့ပဲ သူမကို စွဲလမ်းနေ ရတဲ့အဖြစ် ၊ ချစ်ပါတယ်ဆိုတဲ့ စကားတွေမပါပဲ သတိရတယ်ဆိုတဲ့ အတိုင်းအတာစကားလုံးတွေတောင် ပါးစပ်ကနေ ဖွင့်ဟမပြောရဲတဲ့ အ ဖြစ်၊ ဘယ်လောက်ထိလွမ်းကြောင်း၊ ဘယ်လောက်ထိသတိရကြောင်း၊ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ သူမရှိပဲ အထီးကျန်စွာ ခံစားနေရ တာတွေကို အဖြူရောင်စာရွက်ပေါ်မှာ ချရေးထိတ်သလန့်လန့် ပို့နေရတဲ့အဖြစ် ၊ ကျနော် လေးစားချစ်ခင်ရသော သူငယ်ချင်းနဲ့ ၊ သူ့မိ သားစုရဲ့ ဘယ်အချိန်စွှန့်ပစ်ခြင်းကိဲုဲံ ဘယ်အချိန်ခံစားရမလဲဆိုတဲ့ ဗလာအရင်းခံတဲ့အဖြစ်၊ ဖော်ပြရခက်တဲ့ စိတ်ခံစားမှု့တွေအားလုံး က နော်ကို စိုးမိုးနေခဲ့တယ်၊ ချစ်တတ်တဲ့ နှလုံးသားရှိသူတိုင်းကို မေးကြည့်ချင်ပါတယ်၊ ခင်ဗျားသိပ်ချစ်တဲ့မိန်းကလေးက ခင်ဗျားကို မကျေ နပ်တဲ့လက္ခဏ ပြရင်ဘယ်လိုခံစားရမလဲ၊ တစ်နေ့နေ့တော့ ချစ်လာမယ်ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ့် ဒုက္ခခံပြီး မျှော်လင့်ချက် ကြီးစွာ နဲ့ဆက်စောင့်နေအုံးမှာလား၊်ခင်ဗျားတို့ ဒီမေးခွန်းကို ကိုယ့်အယူအဆ ကိုယ့်လွတ်လပ်စွာဖြေနိုင်ကြပါလိမ့်မယ် ၊ ဒါပေမယ့် ကျနော်က တော့ ကျနော်သိပ်ချစ်ရတဲ့ မနဲ့ပတ်သတ်ပြီး ဒီမေးခွန်းကိုဖြေနိုင်ဖို့ အရမ်းခဲယဉ်းပါတယ်၊ ကျနော်ရဲ့ကိုယ်ပိုင်အချိန်တွေမှာ သူမနဲ့ပတ်
သတ်ပြီး စိတ်ကူးတွေ၊ မျှော်လင့်ချက် ကြားထဲမှာခမ်းနားထယ်ဝါတဲ့ နန်းတော်ကြီးတွေ အကြိမ်ကြိမ်ဆောက်နေမိတယ်၊ ကျနော် အပေါ် တုံ့ပြန်လိုက်တဲ့ သူအပြုအမူတွေဟာ ကျနော် ဘ၀တစ်ခုလုံးနီးပါး ယိမ်းယိုင်လောက်အောင်ထိခိုက်လောက်တယ် ဆိုတာ ကျနော်မန္တလေး ရောက်မှ လက်တွေ့သိလိုက်ရတယ်...ကျနော်မျိုးဝင်းနဲ့ ဆိုင်တစ်ဆိုင်မှာတွေ့ကြတော့
"ကိုဇော် ငါပွင့်ပွင့်လင်းလင်း ပဲပြောမယ်ကွာ မင်းဘာလုပ်နေတယ်ဆိုတာ မမိုးပြောပြလို့ ငါအကုန်သိပြီးပြီ၊ မင်းလွတ်လပ်ခွင့်ကို ငါတား လို့ မရပါဘူး၊ တစ်ခုကြိုတင်ပြောချင်တာကတော့ မင်းကိုကိုယ့်ကို ဒုက္ခမခံပါနဲ့တော့လို့ပဲ ငါပြောချင်တယ်ကွာ " "ငါကိုအခုလို နားလည် ပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်၊မင်းကိုတစ်ခုလောက် ပြောပါရစေ၊ ဘာလို့လဲဆိုတော့ မမိုးနဲ့မင်းနဲ့ မောင်နှမတွေဆိုတာမသိ ခင်ကတည်းက မမိုးကို ငါ့ချစ်နေခဲ့မိတာဆိုတာပဲ" မျိုးဝင်းဆီက ကျနော်ပြန်လာတော့ အချစ်ဆုံးသူငယ်ချင်း ဆီက ယုံကြည်လေးစားမှု. တွေပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ်။ အဲ့ဒီ ဆုံးရှုံးမှု့တွေကိုအစကတော့ ကျနော် သူကိုချစ်တဲ့စိတ်တစ်ခုထဲနဲ့ ခံနိုင်မယ်လို့ထင် ထားတာ တကယ်လက်တွေ့ကြုံလာတော့ ကျနော်ခံနိုင်ရည် မရှိခဲ့ဘူး။အဲ့ဒီအကျိုးဆက်ကတော့ အချိန်ကာလတစ်ခုထိ ကျနော်ဆောက် တည်ရာမရဘဲ အထီးကျန်ရူးသွပ်စွာ ဖြတ်သန်းခဲ့ရတယ်။တဖြည်းဖြည်းနဲ့ ကျနော်ဘယ်လိုခံစားလာရသလဲ ဆိုရင် သူကိုချစ်မိတာ၊ချစ်နေ မိတာအပြစ်တစ်ခုကို ကျူးလွန်ထားသလိုမျိုး ခံစားလာရတယ်။လူမှု့ပတ်ဝန်းကျင်မှာ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ ကျင့်ဝတ်တစ်ခုကို ချိုးဖောက်မိပြီလားလို့ တွေးတောမိတယ်၊ လူတစ်ယောက်ဟာ ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ ဘယ်လောက်ပဲနိမ့်ကျ နိမ့်ကျ သူဘ၀မှာ တစ်ခါတော့ ချစ်ခွင့်ရှိမှာပါနော်။ ကိုယ်သိပ်ချစ်ရတဲ့ လူတစ်ယောက်ရဲ့ ဥပက္ခာပြုမှု့တွေဟာ အဲ့ဒီလူကို ဘယ်လောက်ထိ ထိခိုက်သွားနိုင် မယ်ဆိုတာ သူသိမှာမဟုတ်ဘူး ၊အချစ်ဆိုတဲ့အင်အားဟာ ဘယ်လောက်ကြီးမားထိရောက် တယ်ဆိုတာ လက်တွေ့သိလိုက်ရတယ်။ တစ် ရက်ရုံးကို ရောက်တော့ကျနော် စားပွဲပေါ်မှာ ပါဆယ်ထုပ်တစ်ထုပ်ကို တွေ့ရလိုက်တယ်။ ဘယ်သူဆီကလဲကြည့်လိုက်တော့ မျိုးဝင်းဆီက ကျနော်အံ့သြစွာ ဖွင့်ကြည့်တော့ အိတ်လေးတစ်အိတ်နဲ့စာတစ်စောင်ကို တွေ့လိုက်ရတယ်၊ စာအိတ်ကို အလျင်စလို ဖွင့်ဖတ်ကြည်.တော့
သူငယ်ချင်းကိုကိုဇော်
ငါသတိရစွာနဲ့ စာရေးလိုက်ပါတယ်။ အခုငါပေးလိုက်တဲ့ ဖိတ်စာကိုသတ်မှတ်ရက် အမှီရလိမ့်လို့ ငါမျှော်လင့်မိတယ်။ ဒီဖတ်စာ ကိုမင်းရရချင်းဘယ်လို ခံစားရမလဲဆိုတာ ငါကိုယ်ချင်းစာပါတယ်။ မမိုးကတော့ မင်းကိုလုံးဝမလာစေချင်ဘူး၊ ဘာလို့လဲကျနော်မေးတော့ သူဘာမှပြန်မဖြေဘူး။မလာစေချင်လို့ပါတဲ့ ။အစကတော့ငါမပို့တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့်မင်းဟာအချစ်ကြောင့်ဘ၀တစ်ခုလုံးပျက် အောင်လုပ်မှာ မဟုတ်ဘူးလို့ယုံကြည်လို့ ငါပို့လိုက်တာပါ၊တကယ်လို့ ဖိတ်စာဟာ သတ်မှတ်ရက်ထက် နောက်ကြပြီးမှရောက် ရင်တော့ အရာရာပြီးဆုံးသွားပြီလို့မှတ်လိုက်ပါ..အချိန်ရလို့ မင်းနဲ့တွေ့ခွင့်ရမယ်ဆို မင်းကိုပြောစရာ အများကြီးတယ် သူငယ်ချင်း............
မျိုးဝင်း
မျိုးဝင်းဆီကစာကိုဖတ်ပြီးပြီးချင်း အိတ်ကိုဖွင့်ကြည့်လိုက်တော့ သင်းပျံ့သော ရနံ့နဲ့အတူ ပန်းရာင်ကဒ်လေးကျလာသည်........
ဒေါက်တာရဲရင့်သူ M.B.B.S( မန္တလေးဆေးရုံကြီး)
နှင့်
မမိုးကေသွယ် B,.Sc(chem:)
ကျနော်ချက်ချင်းပဲ မင်္ဂလာဧည့်ခံပွဲ အချိန်နဲ့နေရာကိုကြည့်လိုက်တော့ ၁၇.၉.၂၀၀၃ မင်္ဂလာအချိန်က နံနက်၈နာရီကနေ နေ့လယ်၂နာရီ ထိ နေရာက မန္တလေးတောင်ဟိုတယ် ၊နံရံက ပြက္ခဒိန်ကြည့်လိုက်တော့ ဒီနေ့(၁၇)ရက်နေ့ နံနက်(၇)နာရီထိုးနေပြီ၊ ကျနော်ချက်ချင်း မ အတွက် ကျနော်ဘ၀အတွက် တစ်သက်လုံးပြုလုပ်ထားသောအရာလေးကို လက်ဖွဲ့ဖို့ပြင်ဆင်ပြီး မန္တလေးကိုဆိုင်ကယ် နဲ့ဆင်းလာခဲ့သည် မောင်းနှင်လာတဲ့ခရီးတလျှောက်လုံးမှာ ဟိုးကာလအတိတ်ဆီက ကျနော်တို့ဆိုင်မှာ ကြံရည်လာသောက်တဲ့ မ ပုံကိုပြန်လည်မြင်ယောင် ကြည့်နေမိတယ်၊ မရယ်..အခုတော့ကျနော်တို့ တကယ်ဝေးကြပြီပေါ့ဗျာ.. အတွေးတွေနဲ့မောင်းလာမိတာ မန်းလေးမြို့ထဲတောင် ၀င်လာမိ ပြီ..မန္ထလေးတောင်ဟိုတယ်ကိုရောက်တော့ နေ့လည်၁နာရီခွဲနေပါပြီ၊ ကျနော်အပြေးအလွှားဝင်လိုက်တော့ ခန်းမထဲမှာ သတို့သား၊သတို့ သမီးတောင် မရှိတော့ဘူး။တီးဝိုင်းအဖွဲ့နဲ့ လက်ဖွဲ့ပစ္စည်းသိမ်းနေတဲ့လူအချို့လောက်ပဲ ရှိတော့သည်။မအတွက်ရည်ရွယ်တဲ့လက်ဖွဲ့လေး ကိုကိုင်ပြီး ကျနော်လျှောက်လာတော့ မျိုးဝင်းက လူကြားထဲကထွက်လာပြီး“မင်းရောက်မယ်ဆိုတာ ငါ့စိတ်ထဲကသိနေလို့ မပြန်သေးပဲမင်း ကိုစောင့်နေတာ သူငယ်ချင်း" ကျနော်ဘာမှမပြောပဲ င်္ပြုးယုံသာ ပြုံးပြလိုက်မိတယ်..မျိုးဝင်းကလက်ဖွဲ့လက်ခံတဲ့ နေရာကိုလိုက်ပြသည်.... ပစ္စည်းလက်ခံတဲ့ ညီလေးက နံမယ် ဘယ်လိုရေးရမလဲမေးတော့ “ကောင်လေး"လို့ပြောလိုက်တော့ညီလေးက အံ့သြစွာ ကျနော်ကိုကြည့် ရင်း နောက်ဆုံးနေရာမှာ ရေးလိုက်တာကို တွေ့လိုက်သည်။ ကျနော်ခန်းမအပြင်ဘက်ကို ထွက်လာတော့ မျိုးဝင်းကလိုက်လာပြီး“ငါတို.အ ပြင်ဆိုင်တစ်ဆိုင်ကို သွားရအောင်၊မင်းကိုပေးစရာရှိတယ်၊မင်းဆိုင်ကယ်ကို ထားခဲ့ငါကားနဲ့သွားရအာင်"ပြောသည်။လမ်းတလျှောက်လုံး တိတ်ဆိတ်နေတယ်၊ ဒါပေမယ့် ကျနော်ကျေနေပ်ပါတယ်၊ ဘာလို့လဲဆိုတော့ မ ကိုကျနော်ဘယ်လောက်ထိ ချစ်ကြောင်းနောက်ဆုံးအနေ နဲ့ကျနော်သက်သေပြလိုက်ရလို့။အဲဒါဘာလဲဆိုတော့ မအတွက်အသက်အာမခံကြေးငွေပေါင်ကိုကျနော်လစာရဲ့၁၀%ကိုဖြတ်တောက်ပြီး ပေးဆောင်ထားခဲ့လို့ပါ။ ကျနော်အသက်ရှင်သရွေ့ပေးဆပ်နေမယ့် အရာပေါ့။ဆိုင်ကိုရောက်တော့ မျိုးဝင်းက”ဒီလိုနေ့မှာ ခပ်ပြင်းပြင်းချရ အောင်"ကျနော်ခေါင်းငြိမ့်ပြလိုက်သည်။ ခဏနေတော့ ၀ီစကီနဲ့ စားစရာရောက်လာသည်။မျိုးဝင်းထည့်ပေးတဲ့ ခွက်ထဲက၀ီစကီကို တချိုက် တည်းမော့ချလိုက်တော့ လည်ချောင်းထဲကို ပြင်းရှရှဝင်သွားတယ်။ခဏကြာတော့မျိုးဝင်းက “ငါမင်းကိုပြောစရာရှိတယ်၊ မင်းသေချာနား ထောင်ပါ၊ဘာတစ်မှ မင်းဝင်မပြောနဲ့၊ဒီကိစ္စအားလုံးရဲ့ တရားခံက မင်းပဲ၊မမိုးက အရင်ဆုံးမင်းကို မျှော်လင့်ခဲ့တာပါ၊ ပြီးခဲ့တဲ့နှစ်ကမမိုး အစာအိမ်ဖြစ်လို့ ဆေးရုံတတ်မှ ကိုရဲရင့်သူနဲ့တွေ.တာပါ၊ဆေးရုံက ဆင်းတော့ ကိုရဲရင့်သူဆေးခန်းမှာပြတယ်၊ရှင်းရှင်းပြောရရင်တော့ ကိုရဲ
ရင့်သူက မမိုးကို ချစ်ရေးဆိုတယ်၊မမိုးကစဉ်းစားပရစေအုံးပြောထားတယ် ၊အဲအချိန်မှာမင်းဆီက ပထမဆုံးစာရတော့ မမျိုးအရမ်းပျော် နေတာ၊ဘာလို့လဲဆိုတော့ အဲစာကို ငါကိုယ်တိုင်သူ လက်ထဲထည့်ပေးခဲ့တာ၊မင်းဘယ်လိုနံမယ်လွှဲပို့ပို့ မင်းစာသံပေသံ ငါသိတာပေါ့၊မင်း စာရတော့ မမိုးမျက်နှာပြုံးနေတာပဲ၊နောက်မင်းနဲ့တွေ့တော့ ဒီစာမင်းရေးတာလားလို့မေးတော့ မင်းငြင်းတယ်ဆို”ကျနော်ကို မျိုးဝင်းမော့ ကြည့်တော့ ကျနော်ခေါင်းငြိမ့်ပြလိုက်သည်။“အဲဒီအချိန်မှာ သူအရမ်းရှက်၊ အရမ်းစိတ်နာသွားတယ်၊ ဒါပေမယ့်သူ မင်းကိုစောင့်နေပါသေး တယ်၊မင်းဘက်က ပါးစပ်နဲ့ဖွင့်မပြော ၀င်လည်းမခံဆိုတော့၊ကိုရဲရင့်ကို ခေါင်းငြိမ့် လိုက်ရတယ်၊မမိုး ခေါင်းငြိမ့်ပြီးခြင်းပဲ ကိုရဲရင့်က မိဘချင်း ရင်းနှီးအောင်လုပ်ပြီး၊မင်္ဂလာပွဲကို စီစဉ်လိုက်တာပဲ၊မမိုးရဲ့ ဂုဏ်သိက္ခာအိနြေ္ဒကို ငဲ့ပြီး ငါဒီလောက်ပဲပြောပရစေ၊ကျန်တာတော့ မင်းသဘောပေါက်မှာပါ၊ “ရော့ ၊ဒီမှာ မင်းအတွက် မမိုးပေးလိုက်တာ၊မနေ့က မမိုးလာပေးသွားတာဆိုပြီး ပါဆယ်ထုပ်လေးပေးလာသည် ပါဆယ်လေးကို ဖောက်ကြည့်လိုက်တော့ အလတ်စား Diary စာအုပ်လေးတွေ့လိုက်ရသည်၊စာအုပ် အောက်မှာတော့ ကျနော်ပေးထားတဲ့ စာလေးတွေအစီအရီ တွေ့လိုက်ရသည်၊ သိချင်ဇောနဲ့ Diary ကိုဖတ်ကြည့်လိုက်တော့.............
“ဒီနေ့ ကြံရည်သောက်ရင်း တစုံတယောက်က စူးစူးစိုက်စိုက် ကြည့်နေသလိုမျိုး ခံစားရလို့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ စူးရှ တဲ့ မျက်ဝန်းတစုံကို တွေ့လိုက်ရတယ်၊ စက္ကန့်ပိုင်းလေး အတွင်းမှာ ရင်တွေအရမ်း ခုန်သွားတယ်၊ သိရဲ့လား လူဆိုးလေး”
အမှတ်တရ ရှိတဲ့ရက်တိုင်းမှာ သတိတရနဲ့ ကျန်တဲ့စာမျက်နှာတွေ ပေါ်မှာရေးထားတာကိုတွေ့လိုက်ရသည်၊။စာမျက်နာ အားလုံးကိုကျော် ပြီးနောက်ဆုံးစာမျက်နှာကို ဖတ်ကြည့်လိုက်တော့ .........
“ဖြစ်ချင်တာက ဆန္ဒ၊ဖြစ်နေတာက ဘ၀ဆိုတဲ့စာကားလုံးလေးနဲ့ အဆုံးသတ်လိုက်ပါရစေ မောင်ရယ်၊ ဒီစာအုပ်လေးက မောင့်ကို မဘယ် လောက် သံယောဇဉ်ရှိတယ်ဆိုတာ ပြောပြလိမ့်မယ်၊ ချစ်တယ်ဆို တာ အချိန်မရွေး မုန်းတီးပစ်လို့ရပါတယ်၊သံယောဇဉ်ဆိုတာ အလွယ်တ ကူဖြတ်တောက်လို့ မရဘူး၊ ဒါကြောင့် မ က မောင်ကို သံယောဇဉ် ထားတာပါ” နောက်ဆုံး စာမျက်နှာကို ဖတ်ပြီးချိန်မှာ စာရွက်ပေါ်ကို ရေစက်လေးတွေကျလာလို့ ကျနော် မျက်နှာကို စမ်းကြည့်တော့ လက်ကိုပါရေတွေ စိုလာတယ်၊ကျနော် ကျနော် မျက်ဝန်းအိမ်မှာမျက်ရည် တွေကျနေတာပဲ.............
ချစိသူ
ငါ့ဘက်ကို လှည့်
အလှဆုံးပြုံး
ခေါင်းလေးကိုမော့
မျက်လုံးကလေး
မှိတ်ထားပေးပါ
ဘယ်သူမှ မသိအောင်
ငါ....ထွက်သွားပရစေ။
မနဲ့ပတ်သတ်တဲ့ အမှတ်တရတိုင်းမှာ ကျနော် တခဏတော့ရှိနေမှာပါ.........................
ကောင်လေး
ပြီးပါပြီ။သံယောဇဉ်ဝတ္တု ကိုအဆုံးသတ်ခိုင်းနေသော သူငယ်ချင်းများရေ..သတ်ပြီးပြီ..ဟူး..၂၀၀၇အကြွေး အခုမှဆပ်နိုင်တော့တယ်. အိပ်လည်းအိပ်ချင်ပြီ..အိပ်ပြီဗျို...ဘိုင်
Posted by
ကောင်လေး
at
2:07 PM
1 comments
Labels: ၀တ္ထု
Saturday, January 5, 2008
အတိတ်အိပ်မက်
နာကျည်းခြင်းမပါတဲံ့
နာကျင်မှုတွေနဲ့အတူ
ငါမင်းကို သတိရမိတယ်၊
အတိတ်ကိုပြန်ကြည့်ရင်...
ငါ့ရဲ့ မနက်ခင်းတိုင်းဟာ
မင်းကို တွေ့ရမဲ့ မျှော်လင့်ချက်တွေနဲ့
အားသစ်တွေ ပေးခဲ့တယ်။
တစ်နာရီလောက်ဝေးရင်တောင်
လွမ်းဆွတ်ခြင်း ဗရပွနဲ့
စာလွှာတွေ ရေးခဲ့တယ်။
အတိတ်က ဖုန်းမြည်သံတိုင်းဟာလည်း
ချိုမြိန်ခြင်း အတိပြီးလို့ပေါ့။
အတူဆုံချိန်တိုင်းမှာ
နာရီတွေကိုရပ်ထားချင်တဲ့
နှစ်ဦးသားဆန္ဒ
ထပ်တူထပ်မျှပါပဲ။
အတူလျှောက်ဖူးခဲ့တဲ့
ညနေခင်းတွေမှာ
တိုက်ခိုက်ခဲ့တဲ့ လေပြည်ဟာ
အအေးချမ်းဆုံးပဲလား။
အတိတ်က ရေးစပ်ခဲ့တဲ့
မင်းအတွက် ကဗျာတွေမှာ
အသည်းကွဲမှုတွေ မပါဘူး။
တကယ်တော့ ငါ့ဟာ...
လောကကြီးကို ဆန့်ကျင်ပြီး
မင်းကြောင့် အိပ်မက်မက်ခဲ့ရသူပါ။
အတိတ်ကို ရွှေ့ပြောင်းမရပေမယ့်
အတိတ်ကတော့ အတိတ်ပါပဲ။
အိပ်မက်လို ကျန်ခဲ့ပါပြီ။
ဒီအချိန်မှာ.......
စွဲလမ်းတတ်သူ ငါကတော့
အိပ်မက်လေးကို တမ်းတရင်း
ပြောင်းလဲတတ်သူ မင်းအတွက်
တစ်ကိုယ်တည်း ငိုကြွေးနေဦးမယ်။
(unknow)
Posted by
ကောင်လေး
at
11:09 PM
0
comments
Labels: ကဗျာ
တမ်းတခြင်း
အနေဝေးပေမဲ့
အခြေအနေပေးရင်တော့
အပြေးလာချင်ပါဘိ.....
သို့ပါသော်ငြား.....
အတိတ်ကြမ္မာရယ်က
အကြောင်းရှာလာတော့လဲ
ခွဲရတာရှည်.......
နီးရဖို့ရွယ်
စိန္တေရှင်ထံမှာကွယ်
ကယ်မစေကြောင်း
တောင်းဆုခြွေပါသော်လည်း
ဖန်လာသည့်အရေးရယ်က
မလှသည့်အခြေ
နေပေအုံးဟ
ဝဋ်ရှိသမျှ
ဝအောင်သာခံပေတော့လို့
တမ်းတကာညဉ်း.....
(အမည်မသိ)
Posted by
ကောင်လေး
at
12:29 PM
0
comments
Labels: ကဗျာ
Monday, December 31, 2007
ပြန်လည်အောက်မေ့ခြင်း(၂၀၀၇)
(၂၀၀၇)ခုနှစ်ဟာကျနော်အတွက်မမေ့စရာအဖြစ်အပျက်တွေနဲ့ကျနော်အတွက်ပျော်ရွှင်စရာခင်မင်ဖွယ်ရာ
ချစ်ခင်စရာကောင်းသောသူငယ်ချင်းများနဲ့အရမ်းချစ်ဖို့ကောင်းသောညီမလေးတစ်ယောက်(၂၀၀၇)က
ကျနော်အတွက်ကောင်းမွန်သောလက်ဆောင်အဖြစ်ပေးအပ်ခဲ့တယ်..ထို့အတူ(၂၀၀၇)ကကျနော်အတွက်
ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကိုဖန်ဆင်းပေးသွားတယ်..
ကျနော်နဲ့နှစ်နဲ့ချီခင်ခဲ့ရတဲ့လူတစ်ယောက်က
ကျနော်ကိုဘာအကြောင်းပြချက်မှမရှိပဲ..စွှန့်ခွာသွားခြင်းကိုခံလိုက်ရတယ်..ကျနော်ရဲ့တကယ်ဆွေမျိုးသား
ချင်းမောင်နှမလိုခင်တဲ့လူတစ်ယောက်ကကျနော်ကိုဒီလိုလုပ်သွားတဲ့အတွက်ကျနော်အရမ်းဝမ်းနည်းမိတယ်
အရမ်းခံစားရတယ်..သူကျနော်အပေါ်မှာထားခဲ့တဲ့သံယောဇဉ်တွေသူပြောခဲ့စကားတွေကိုကျနော်ပြန်စဉ်းစား
မိလေတိုင်း..သူဘာလို့ရုတ်တရတ်ကြီးဒီလိုလုပ်သွားရသလဲဆိုတာနားမလည်လေပဲ..နောက်မှကျနော်ပြန်
စဉ်းစားမိတယ်..လူဆိုတာအခက်အခဲအကြောင်းအရာတစ်ခုကြောင့်ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုမမုန်း
သော်လဲမေ့ပစ်သင့်ရင်မေ့ပစ်ရမယ်ဆိုတာကို..ကျနော်ကတော့မျှော်လင့်မိတယ်..သူကျနော်ကိုမုန်းတီးလို.
စွှန်.ခွာသွားတာမဟုတ်ပါစေနဲ.လို့....ကျနော်ဖတ်ဖူးတဲ့စာတစ်ကြောင်းရှိတယ်"မိုးခိုသူတို.ဘ၀ဟာမိုးရွာနေ
တုန်းခဏတာပဲအဲဒီအမိုးအကာအောက်မှာနေထိုင်ကြတယ်၊မိုးတိတ်ရင်တော့အဲ့ဒီနေရာကနေကိုယ့်လိုရာကို
သွားကြရမှာပဲ"အဲဒီအတိုင်းပဲလေ..ဒီထဲမှာခံစားရတဲ့လူကအဲဒီအရိပ်ကိုမက်မောနေတဲ့လူပဲခံစားရမှာလေ....
ကျနော်တော့သူကိုတမ်းတနေဆဲပါ..သူဟာကျနော်စိတ်ထဲမှာဆွေမျိုးသားချင်းလိုသတ်မှတ်နေဆဲပါ..ဒါက
တော့(၂၀၀၇)ရဲ.၀မ်းနည်းမှတ်တမ်းလေးတစ်ခုပေါ့..နောက်တစ်ခုကတော့(၂၀၀၇)ကျနော်အတွက်ချစ်စရာ
ကောင်းသောညီမလေးတစ်ယောက်ကိုပေးခဲ့ပြန်တယ်..အမ၊ညီမမရှိညီအစ်ကိုတွေတာရှိတဲ့ကျနော်အတွက်
တော့သူဟာကျနော်ရဲ့တကယ့်ညီမလေးတစ်ယောက်ပါပဲ..ကျနော်လေသူကိုအရမ်းစိုးရိမ်တယ်..ဘာလို့လဲ
ဆိုတော့သူနဲ့ကျနော်နဲ့ကနိုင်ငံချင်းကတစ်ခြားစီ..သူတစ်ခုခုဖြစ်ရင်ကျနော်မသွားနိုင်သလို..ကျနော်ဖြစ်ရင်လဲ
သူမလာနိုင်ဘူးလေ..ဒါကိုတော့ကျနော်အရမ်းဝမ်းနည်းတယ်..တစ်ခါတစ်လေလဲကျနော်ပဲအတ္တဆန်တာလား
တော့ဘူးဗျာ..သူကတစ်ခါတစ်လေစိတ်မာသလိုတစ်ခါတစ်လေကျတော့စိတ်ကပျော့တယ်ဗျ..ဒါတွေကြောင့်
သူကိုကျနော်အရမ်းစိုးရိမ်တယ်..တစ်ခါတစ်ခါသူတွေးတာတွေကိုကျနော်လိုက်မမှီဘူး.ပိုက်ဆံလည်းအရမ်းသုံး
တယ်..ကျနော်ပြောရင်လည်းအချိန်တိုင်သူအလိုလိုဖြစ်လာမယ်တဲ့..သူပြောတဲ့အတိုင်းဖြစ်လာတတ်တော့ကျ
နော်ဘယ်လိုမှပြောလို.မရဘူး..နောက်တစ်ခုအိပ်ရာကနိုးရင်နိုးပြီဆိုပြီးပြန်အိပ်တတ်တယ်..ပြီးမှအသည်းအ
သန်ရေချိုးပြီးကျောင်းသွားတတ်သူ..ခေါင်းမဖြီးပဲလွယ်အိတ်မှာအလှပြင်ပစ္စည်းဘာမှမပါတတ်တဲ့ကျနော်ညီ
မလေးပေါ့..ဘာပဲပဲဖြစ်ဖြစ်ညီမအမမရှိတဲ့ကျနော်အတွက်တော့တကယ့်ညီမလေးပါ..ကျနော်ကိုညီမတစ်
ယောက်ရှိတဲ့အစ်ကိုတစ်ယောက်အနေနဲ့ဘယ်လိုစိတ်အခြေအနေရှိမယ်..အဲ့ညီမလေးအတွက်ဘယ်လောက်
အထိစိုးရိမ်ရတယ်ဆိုတာကိုခံစားခွင့်ပေးတဲ့အတွက်ကျေးဇူးပေးညီမလေးရေ...နောက်(၂၀၀၇)ချစ်စရာအ
ရမ်းကောင်းတဲ့လက်ဆောင်ကတော့အရမ်းချစ်စရာကောင်းတဲ့သူငယ်ချင်းအစုတ်ပလုတ်လေး(၃)ယောက်
ကျနော်ကိုလက်ဆောင်ပေးဖြစ်သည်..လောကမှာပျော်စရာကောင်းသောအချိန်ဟာဘေးမှာသူငယ်ချင်းကောင်း
လေးတွေရှိတဲ့အချိန်ပေါ့.သူငယ်ချင်းဆိုတာတစ်ယောက်ဝမ်းနည်းတဲ့အချိန်မှာတစ်ယောက်ကဘေးမှာအားပေး
စကားဆိုပေးခြင်းဖြစ်တယ်.ကျနော်တို့လိုအဝေးရောက်နေတဲ့သူတွေအတွက်သူငယ်ချင်းကောင်းဆိုတာအရမ်း
လိုအပ်တယ်..စကားပြောဖော်၊ရင်ဖွင့်ဖော်ပေါ့..သူတို့ဟာကျနော်နဲ့တွေ့တာမကြာသေးပေမယ့်တကယ်ငယ်
ပေါင်းသူငယ်ချင်းလိုဖြစ်နေတဲ့သူငယ်ချင်းလေး(၃)ယောက်..ကျနော်နဲ့အပြိုင်ပေါရဲသောမစု၊ကျနော်ကိုအာပါး
ရေခေါ်တတ်သောမသက်၊အမေနဲ.အမြဲတိုင်တတ်သောလူးလူး..မစုကျနော်ရဲ့ချစ်စရာကောင်းသောသူငယ်ချင်း
လေး၊ပါးစပ်သေးသေးနဲ့နှာခေါင်းကဘာလူမျိုးနဲ့တူမှန်းမသိသောကောင်မလေး၊တခါတလေဘာကြောင့်များမ
သိငိုတတ်ပြီး၊ကျနော်ပေါသမျှကျနော်ရစ်သမျှကိုအများဆုံးခံရတဲ့သူငယ်ချင်းလေး၊ကျနော်နဲ့အပြိုင်ပေါပြီးဗ
ယုတ်ကျတတ်တယ်..ဘယ်လောက်ထိပေါတယ်ဗယုတ်ကျသလဲဆိုကျနော်တို့ဖုန်းပြောရင်ဖြစ်ဖြစ်ချက်တင်ထိုင်
ရင်ဘေးကလူကတားယူရတဲ့အထိပေါရဲကြတယ်..တွေ့ဆုံတာမကြာလေးပေမယ့်ကျနော်ရဲ့ညီမလိုရောရွယ်တူ
သူငယ်ချင်းလိုရောပေါင်းတဲ့သူပေါ့..သူလည်းကျနော်ညီမလိုပဲပိုက်ဆံအသုံးကြမ်းတယ်ဗျ..သူကဘာဇြစ်ဖြစ်ကျ
နော်ကိုရင်ဖွင့်ပြောတတ်သူပေါံ့..ပြီးတော့ကျနော်အကြံပေးသမျှကိုဂရုတစိုက်နားထောင်တတ်သေးတယ်..သူက
တစ်ခါတစ်လေကျခေါင်းမာတယ်ဗျ..ဘာမှကိုမစဉ်းစားပဲလုပ်တတ်တယ်..ကျန်းမာရေးမကောင်းတဲ့သူကိုဒီလိုတ
ဇွတ်ထိုးတတ်တာတွေကြောင့်ကျနော်စိုးရိမ်မိတယ်..တစ်ခါတစ်လေကျတော့ကျနော်ကသူကိုဂရုဏဒေါသနဲ့ပြော
လိုက်မိရင်ဝမ်းနည်းတတ်ပြန်ရော..သူပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်..မင်းလတ်ရေငါ့ရည်းစားကနင့်နဲ့ပေါင်း
တာမကြိုက်ဘူး..သူကိုဖြတ်မလား၊နင့်ကိုဖြတ်မလားဆိုရင်၊နင့်ကိုဖြတ်မယ်တဲ့..အာ..ဟုတ်ပါဘူးမှားလို့..သူကို
ဖြတ်မယ်တဲ့..ဒီလိုပြောတာဟုတ်တယ်မဟုတ်လား..ဟုတ်တယ်လို့ပြောဟ..ရေးပြီးပြီ..ပြင်ရတော့ဘူး..အဟီး..
ကျနော်ကိုဒီလောက်အထိခင်တဲ့သူငယ်ချင်းလေးပေါ့..နောက်တစ်ယောက်အမြဲတမ်းကျောင်းစာတွေနဲ့နဘမ်းလုံး
နေပြီး၊သူကြည့်လိုက်ရင်လူမှု့ရေးကိစ္စအ၀၀ကိုကန်ထရက်ယူထားသလားမှတ်လောက်အောင်အလုပ်ရှုပ်တတ်
သော၊မောင်တွေအတွက်အမြဲစိုးရိမ်တတ်သော၊ပွစီပွစီလုပ်တတ်သောကျနော်အချစ်ဆုံးသူငယ်ချင်းထဲကတစ်
ယောက်မသက်ပေါ့..သူလည်းမစုလိုပဲကျနော်အပေါ်အရမ်းခင်အရမ်းသံယောဇဉ်ရှိတယ်ဗျ..သူအကြောင်းတွေကို
ကျနော်ကိြုေ့ပာပြပြီးရင်ဖွင့်တတ်သော၊တခါတလေကျနော်နဲ့အတုလိုက်ပေါတတ်သေးတယ်..ပြီးတော့သူနဲ့ကျနော်
မှာအကြိုက်ချင်းတူတဲ့အရာကတော့ဘောလုံးအသင်းအားပေးတာခြင်းတူတယ်ဗျ..သက်တူရွယ်တူဇြစ်တဲ့သူနဲ့ကျ
နော်ကပြောမနာဆိုမနာသူငယ်ချင်းလေးပေါ့..ကျနော်ပြောသမျှကိုလည်းစိတ်မဆိုးတတ်ဘူး..ကျနော်ကိုသူပြော
တဲ့စကားလေးကအာပါးရေတဲ့အခုနောက်ပိုင်းသူငယ်ချင်းတွေထဲမှာနင့်အခင်ဆုံးတဲ့..မသက်ရေလူအထင်ကြီးရ
အောင်ငါ့ရွှီးလိုက်ပြီ..ဟုတ်တယ်ပြောပေတော့..အဟီး.နောက်ဆုံးတယောက်ကတော့သူနဲ့တွေ့တာကြာပေမယ့်
ရင်းနှီးတာသိပ်မကြာသေးတဲ့သူငယ်ချင်းလေးလူးလူး..အခုချိန်တော်တော်ကိုရင်းနှီးနေပြီ..အဟီး..ဘယ်လောက်
ထိရင်းနှီးလဲဆိုပြောမနာဆိုမနာတွေဖြစ်နေပြီ..သူကအရမ်းရှက်တတ်တယ်ဗျ..ဘယ်လောက်ထိရှက်တတ်လဲဆို..သူ
ငယ်ချင်းအရင်းကြီးဖြစ်တဲ့ကျနော်ကိုတောင်ဓာတ်ပုံမပေးဘူး..အရင်ကပါအခုရပြီ..မနေ့ကရစ်ပြီးတောင်းထားလို့..
ကျနော်တို့တွေကလူချင်းတာကောင်းကောင်းအကြောင်းမသိတာကျနော်အမေကတော့သူသိနေပြီ..အမေနဲ့တိုင်ဆို
တာချည်း..ပြီးတော့သူမှာချစ်စရာကောင်းတာလေးရှိသေးကျနော်ရေးသမျှကိုမပျင်းမရိဖတ်ပေးတတ်တာပဲ..သူလဲကျ
နော်ရဲ့ရစ်သမျှ၊ဗယုတ်ပြောမျှကိုခံပြီးကျနော်နဲ့လိုက်ပေါနေတဲ့သူငယ်ချင်းလေးပေါ့..ပြီးတော့ကျနော်ကိုစာကျက်ဖို့
အမြဲတမ်းပြောပေးတတ်သေး..သူတို့တွေကကျနော်ရဲ့အချစ်ဆုံးလူတွေပေါ့..(၂၀၀၇)ကကျနော်အတွက်ပေးအပ်
လိုက်တဲ့အဖိုးမဖြတ်နိုင်တဲ့အရာတွေပေါ့..ကျနော်တို့အားလုံးဟာအပြင်မှာမတွေ့ဘူးကြမေယ့်စိတ်တွေထဲမှာတော့ငယ်
ပေါင်းကြီးဖေါ်တကယ့်ဆွေမျိုးသားချင်းတွေပါပဲ..တစ်ယောက်နဲ့တစ်ယောက်စိုးရိမ်ပူပန်မှု့တွေနဲ့..ကျနော်ဆန္ဒတစ်ခု
ပြုထားတယ်..ကျနော်တို.အသက်ရှင်နေတဲ့ကာလပတ်လုံးခင်မင်မှုတွေရင်းနှီးမှု့တွေမပျက်စီးပဲ(၂၀၀ရ)ကပေးထား
တဲ့လက်ဆောင်ကိုမပျက်စီးအာင်ထိန်းသိမ်းသွားမယ်လို့ဆန္ဒပြုပါတယ်..နောက်ကျနော်လေသူတို့အာလုံးကိုအတူတူ
အပြင်မှာမြင်ဖူးချင်တယ်..မဖြစ်နိုင်ဘူးဆိုတာသိရက်နဲ့..ကျနော်မျှော်လင့်နေမယ်..(၂၀၀၇)ရေ..အရမ်းကျေးဇူးတင်
တယ်လို.ပြောရင်းနူတ်ဆက်လိုက်ပါတယ်..(၂၀၀ဂ)ကစလို့ငါတို့ခင်မင်မှု့သံယောဇဉ်တွေနောင်နှစ်ပေါင်းများစွာအ
ထိတည်တန့်ရမယ်လို့အဓိဌာန်ပြုရင်း............................
Posted by
ကောင်လေး
at
1:07 PM
0
comments
Labels: ခံစားချက်
Sunday, December 23, 2007
နွားတစ်ကောင်မှတ်တမ်း
ချစ်သူအိမ်မှာကျွန်တော်ရောက်နေ၏။ ကျွန်တော်တို့နှစ်ယောက်ဆိုဖာကြီးပေါ်မှာအတူယှဉ်တွဲထိုင်ကြ၏။
ကျွန်တော်ကချစ်သူကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်၏။ချစ်သူကလဲကျွန်တော်ကိုတင်းတင်းကျပ်ကျပ်
ပင်ပြန်ဖက်၏။သို့သော်သိပ်မကြာပါ။ကျွန်တော်ကိုအသာတွန်းဖယ်ပြီးရုတ်တရက်ထရပ်လိုက်၏။ပြီးတော့
မီးခလုတ်ပိတ်လိုက်၏။ကျွန်တော်အရိပ်အခြေကိုကောင်းကောင်းနားလည်လိုက်ပါသည်။သြော်...သူအိပ်
ချင်ရှာပြီကိုး။ကျွန်တော်သနားစိတ်ဖြင့်ထပြန်ခဲ့ပါသည်။
Posted by
ကောင်လေး
at
12:56 AM
0
comments
Labels: ဟာသ