နာကျည်းခြင်းမပါတဲံ့
နာကျင်မှုတွေနဲ့အတူ
ငါမင်းကို သတိရမိတယ်၊
အတိတ်ကိုပြန်ကြည့်ရင်...
ငါ့ရဲ့ မနက်ခင်းတိုင်းဟာ
မင်းကို တွေ့ရမဲ့ မျှော်လင့်ချက်တွေနဲ့
အားသစ်တွေ ပေးခဲ့တယ်။
တစ်နာရီလောက်ဝေးရင်တောင်
လွမ်းဆွတ်ခြင်း ဗရပွနဲ့
စာလွှာတွေ ရေးခဲ့တယ်။
အတိတ်က ဖုန်းမြည်သံတိုင်းဟာလည်း
ချိုမြိန်ခြင်း အတိပြီးလို့ပေါ့။
အတူဆုံချိန်တိုင်းမှာ
နာရီတွေကိုရပ်ထားချင်တဲ့
နှစ်ဦးသားဆန္ဒ
ထပ်တူထပ်မျှပါပဲ။
အတူလျှောက်ဖူးခဲ့တဲ့
ညနေခင်းတွေမှာ
တိုက်ခိုက်ခဲ့တဲ့ လေပြည်ဟာ
အအေးချမ်းဆုံးပဲလား။
အတိတ်က ရေးစပ်ခဲ့တဲ့
မင်းအတွက် ကဗျာတွေမှာ
အသည်းကွဲမှုတွေ မပါဘူး။
တကယ်တော့ ငါ့ဟာ...
လောကကြီးကို ဆန့်ကျင်ပြီး
မင်းကြောင့် အိပ်မက်မက်ခဲ့ရသူပါ။
အတိတ်ကို ရွှေ့ပြောင်းမရပေမယ့်
အတိတ်ကတော့ အတိတ်ပါပဲ။
အိပ်မက်လို ကျန်ခဲ့ပါပြီ။
ဒီအချိန်မှာ.......
စွဲလမ်းတတ်သူ ငါကတော့
အိပ်မက်လေးကို တမ်းတရင်း
ပြောင်းလဲတတ်သူ မင်းအတွက်
တစ်ကိုယ်တည်း ငိုကြွေးနေဦးမယ်။
(unknow)
Saturday, January 5, 2008
အတိတ်အိပ်မက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment