Saturday, January 5, 2008

တမ်းတခြင်း

အနေဝေးပေမဲ့
အခြေအနေပေးရင်တော့
အပြေးလာချင်ပါဘိ.....
သို့ပါသော်ငြား.....
အတိတ်ကြမ္မာရယ်က
အကြောင်းရှာလာတော့လဲ
ခွဲရတာရှည်.......
နီးရဖို့ရွယ်
စိန္တေရှင်ထံမှာကွယ်
ကယ်မစေကြောင်း
တောင်းဆုခြွေပါသော်လည်း
ဖန်လာသည့်အရေးရယ်က
မလှသည့်အခြေ
နေပေအုံးဟ
ဝဋ်ရှိသမျှ
ဝအောင်သာခံပေတော့လို့
တမ်းတကာညဉ်း.....
(အမည်မသိ)

No comments: