Tuesday, December 19, 2006

ဘ၀.........

တချိန်ချိန်မှာခွဲရမယ်ဆိုတာသိရဲ့သားနဲ့ဘာလို့ငါရူးသွပ်
နေတာလဲ..ငါကိုယ့်ငါလည်းသိနေတယ်..ဒါပေမယ့်ဒါတွေ
ကိုငါကကျေနပ်နေခဲ့မိတယ်..ငါကိုငါလည်းဝမ်းနည်းနေမိ
တယ်..ဘာလို့ဒီကံကြမ်မာဆိုးကြီးကငါကိုမှတိုက်ခိုက်နေ
ရတာလဲ..ငါမတွေးချင်တော့ဘူး..အရာရာကိုငါအရှုံ့းပေး
ခဲ့ပါတယ်..ဖြစ်လာသမျှဟာငါအတွက်အကောင်းဆုံးပါပဲ

ဆက်ဖတ်ရန်...

Monday, December 4, 2006

မတည်မြဲသောတရား..


ဘ၀ဆိုတာမတည်မြဲဘူး..လူဆိုတာမတည်မြဲဘူး..ထာဝရတည်
ွှမြဲနေတဲ့အရာဆိုတာလည်းမရှိဘူး..မတည်မြဲတဲ့လောကကြီးမှာငါ
ငါတို့ကဘာအတွက်ရပ်တည်နေကျတာလဲ..ငါစဉ်းစားတယ်..သို့
သော်ငါကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး..နားလည်ဖို့ငါကြိုးစား
ရင်းငါလူတွေနဲ့အဝေးဆုံးကိုရောက်သွားရော..အဲဒီအချိန်မှာသူတို့
ကငါကိုသတ်မှတ်ကြတယ်အရူးတဲ့..ငါရူးနေတာလား..သူတို့က
ရောဒါကိုမသိလို့လား..သူတို့လည်းဒါကိုသိကျတယ်..ဒါပေမယ့်
ဒါကိုမေ့ထားကျတယ်..ဒါကလည်းသူတို့အမှားမဟုတ်ဘူး..ဒါက
သူမသိပဲဖြစ်သွားမယ့်အရာလေ..ဖြစ်လာရင်ဘယ်သူမှလည်းသိ
လိုက်မှာဘူး..ဒါတွေကမတည်မြဲသောတရားရဲ့လျှို.၀ှက်ချက်ပဲ..

ဆက်ဖတ်ရန်...

Sunday, December 3, 2006

အချစ်ဆိုတာ...

အချစ်ဆိုတာဘာလဲ..ကျနော်အချစ်ကိုနားမလည်တော့ဘူး
ကျနော်သူကိုစတွေ့ပြီးချစ်ခဲ့စဉ်မှာကျနော်ဆုံးရှုံ့းမှု့ကိုစခံစားခဲ့
ရတယ်..ကျနော်သူကိုမစွန့်ခွာခဲ့ဘူး..သူဘေးမှာသူလိုအပ်
ချက်တွေကိုဖြည့်ဆည်းဖို့ကျနော်အမြဲနေပေးခဲ့တယ်..သူကျ
နော်ကိုပြန်ချစ်ပါစေစိတ်နဲ့မဟုတ်ဘူးနော်..သူပျော်ရင်ကျေ
နပ်နေတဲ့စိတ်နဲ့ပါ..သူအတွက်ဆိုကျနော်ကjokerတစ်
ကောင်လိုနေချင်တဲ့သူပါ..ကျနော်ကသူကိုပေးဆက်ခြင်းနဲ့
ချစ်နေတာကိုသူနားလည်မပေးဘူးဗျာ..သူစိတ်ထဲမှာထင်နေ
တာကကျနော်သူကိုမျှော်လင့်ချက်နဲ့နေတယ်လို့ထင်နေတယ်.
ကျနော်သူကိုဘယ်လိုရှင်းပြရမလဲ..ကျနော်ရဲ့စိတ်ခံစားချက်
တွေကို..ကျနော်ကိုကျနော်လည်းနားမလည်တော့ဘူး..
ဘာလို့ဒီလောက်ထိချစ်မိလဲဆိုတာ..တစ်ခါတလေကျနော်..
စိတ်တွေကိုသူနဲ့အဝေးမှာထားကြည့်မိတယ်..ဒီထားမိတဲ့ည.
ဟာကျနော်အတွက်အိပ်မပျော်သောမဟူရာညပဲ..နောက်နေ့
သူရှေ့မှာအလိုလိုဒူးထောက်ခစားမိပြန်ရော..အချစ်ဆိုတာကို
ကျနော်ကြောက်လာပြီဗျာ..အခုလည်းကျနော်မခံစားနိုင်လို့
ဘလော့စ်ထဲမှာရင်လာဖွင့်တာပါ..................

ဆက်ဖတ်ရန်...

Tuesday, November 28, 2006

ခေါင်းထဲမစဉ်းစားမိသောအကြောင်း

ကျနော်ခေါင်းထဲမှာမစဉ်းစားပဲပစ်ထားတဲ့စာမေးပွဲဆိုတဲ့အရာကြီးကအခု
ကျနော်ကိုစိုးမိုးနေတယ်ဗျာ..အဲ့ဒီစိတ်ကြောင့်ကျနော်စာအုပ်ကိုကိုင်မိ
လိုက်တယ်..ပြီးတော့ကျနော်စာတွေကိုကျနော်စဖတ်ကြည့်လိုက်တယ်
ဒီမှာစတွေ့တာပဲဗျာ..ကျနော်မသိတဲ့ဘာသာစကားနဲ့ရေးထားတဲ့စာတွေ
ကို.ကျနော်နည်းနည်းညစ်သွားတယ်..သြော်..ညစ်နေလို့မဖြစ်သေးပါ
ဘူး..သိအောင်လုပ်ရမယ်ဆိုပြီး..ဘာသာပြန်ပြီးကြည့်တာပိုအဆင်ပြေ
လောက်တယ်ဆိုပြီးဘာသာပြန်ကြည့်လိုက်တယ်..ပိုဆိုးသွားတယ်.ကျ
နော်မသိတာတွေကများနေတော့စာတွေလိုက်ရှာတာနဲ့ခေါင်းမူးသွားတယ်
စာအကြောင်းတွေးမိလေတိုင်း..ကိုမျိုးကျော့မြိုင်သီချင်းလေးဆိုရမလို
ဖြစ်နေပြီ.."လူဖြစ်ရတဲ့ဒုက္ခ"ဆိုတာကို.."စာသင်ရတဲ့ဒုက္ခ"လို.အော်
ရတော့မယ်..ညဉ်းနေလို့မဖြစ်သေးပါဘူး..ဒီ postလေးပြီးရင်တော့
စာပြန်ကြည့်မယ်လို့ကျနော်စဉ်းစားထားတယ်..လူကြားကောင်းအောင်
ပြောသွားတာ..အိပ်ဖို့များတယ်..ဟဲဟဲ

ဆက်ဖတ်ရန်...

Wednesday, November 22, 2006

အလွမ်းပြေမန်းလေး


ကျနော်အရမ်းသတိရနေတဲ့နန်းတော်ကြီးရေ..ခင်ဗျားဆီတနေ.မှာပြန်လာမယ်....

ဆက်ဖတ်ရန်...

ခံစားမိသော(love poem)လေး

ဆက်ဖတ်ရန်...