Friday, January 11, 2008

တွေးတောမိသောအကြောင်းအရာတစ်ခု

ကျွန်တော်လဲ ဘလော့ဂ်လေးကို ၀င်မရေးဖြစ်တာ ကြာပြီ..ဟိုတစ်နေ့ကျွန်တော် ပျင်းပျင်းနဲ့မြန်မာဗွီဒီယို တစ်ကားကြည့်လိုက်တယ် ...မိဘ မေတ္တာဘွဲ့ကားလေးပေါ့.. ဒီကားလေးကို ကြည့်ပြီး ကျွန်တော်အမေကို ကျွန်တော်အရမ်းသတိရလာတယ် ..ပြီးတော့ မိဘတွေကို ပိုပြီးတော့ ကျွန်တော်လေးစား မြတ်နိုးမိလာတယ်..ပြီးတော့ ကျွန်တော်ကို လည်းအတွေးတွေ အများကြီးပေးသွားတယ်..မိဘဆိုတာ သားသမီးတွေကို ကိုယ်ဝန်ဆောင်ထဲ ကမမွေးဖွားရသေးတဲ့ သားသမီးအတွက် ကြိုတင်စိုးရိမ်ပြီး အစားအသောက်အနေ အထိုင်က အစဂရုစိုက်ခဲ့ရတယ်...... သူတို့အရမ်းကြိုက်တဲ့ အစားအသောက်တောင် ဒါလေးငါ စားလိုက်ရင် ငါ့ရင်သွေးလေး ဘာဖြစ်သွားနိုင်တယ်ဆိုပြီး သူတို့ရဲ့စိတ်ဆန္ဒတွေ ကိုမျိုသိပ် ခဲ့ရတယ်.. မွေးဖွားတော့လည်း သူတို့ရဲ့အသက်အန္တရယ်ကြားကနေ မွေးဖွားလာခဲ့ရတယ်..မွေးဖွားပြီးတော့လည်း သားသမီးတွေ ရဲ့ရှေ့ရေးအတွက်ကြိုတင် တွေးတောပူပန်ကြပြန်ရော...ဒါတွေ ဒီလိုပေးဆပ်နေတာဟာ မျှော်လင့်ချက်တွေနဲ့ ပေးဆပ်ခဲ့တာ မဟုတ်ပါဘူး.. သားသမီးတွေအဆင်ပြေတယ်ဆို သူတို့မှာပီတိတွေတဝေေ၀နဲ့ လူတွေကြားမှာပျော်ရွှင်နေလိုက်တာ..ကိုယ့်သားသမီးက မလိမ္မာတော့ လည်း အပြောအဆိုခံကျရတာပေါ့..ဒါတွေက သူတို့ပြန်ရလိုက်ရတဲ့ အရာတွေပါ.. သားသမီးတွေက အရွယ်ရောက် အိမ်ထောင်တွေကျသူ တို့ကို စွန့်ခွါသွားကြရော..သူတို့ဘာမှပြန်ရတာ မဟုတ်ဘူး..အနီးနေတုန်းက မိဘကျေးဇုးကို ကျွန်တော် ဒီလောက် မစဉ်းမိသေးဘူး .. အဝေးရောက်မှ အိမ် နဲ့အမေကို ပိုလွမ်းပိုတမ်းတ မိလာကြတယ်..ကျွန်တော်တို့ ညီအစ်ကိုတွေက အမေနဲ့ နေတာကြာတော့ အမေကို ပိုချစ်ကြတယ်..အမေက ကျွန်တော်တို့တွေကို ရရာအလုပ်လုပ်ပြီး ပညာတတ်ကြီးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေး ခဲ့တယ် .. သူကိုယ် တိုင် ပညာမတတ်ပေမယ့် သူသားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တာ အမေဆန္ဒတွေပါ..ဒါပေမယ့် ကျွန်တော် မလိမ္မာခဲ့ဘူး..အ မေကျွန်တော်တို့ကိုရိုက်ပြီး ဆုံးမသမျှကို ကျွန်တော် ကိုမချစ်လို့ပဲလို့ ကျွန်တော် နားလည်ခဲ့တယ် ..ဒါကြောင့်ကျနော် လုပ်ချင်တာတွေ ကို လျှောက်လုပ်ခဲ့မိတယ်..ကျွန်တော်ကြောင့် အမေ ပတ်ဝန်းကျင်မှာဘယ်လို မျက်နှာငယ်ခဲ့ ရတယ်ဆိုတာ ကျွန်တော်မစဉ်းစားခဲ့မိဘူး.. အစကမှ ပိုက်ဆံမရှိလို့ လူတွေကနှိမ်ချင်ပါတယ် ဆိုမှ ကျွန်တော်ကြောင့် အမေ ပတ်ဝန်းကျင်မှာ ဆွေမျိုးတွေကြားထဲမှာ ခေါင်းမဖော်ရဲ အောင် ဖြစ်ခဲ့ရတယ် .. သူမှာဘယ်လောက် အခက်အခဲတွေရှိရှိ အင်္ပြုးမပျက် ရင်ဆိုင်ခဲ့တဲ့ အမေ..ကျွန်တော်ကြောင့် မျက်ရည်အကြိမ် ကြိမ် ကျခဲ့ရတယ်..အမေ နောက်ဆုံးပြောခဲ့တဲ့နောက်ဆုံးစကားတစ်ခွန်း ကြောင့် ကျွန်တော် ဘ၀ကို ကျွန်တော် ပြူပြင်ခဲ့ မိတယ် ..ဘာလဲ ဆိုတော့“ငါ ဘယ်လိုအခက်အခဲမဆို ငါ့ရင်စည်းခံနိုင်တယ် ၊ငါကိုပတ်ဝန်းကျင် ကဘယ်လိုလိုပြောပြော ငါမမှု့ဘူး ..ငါရင်ဆိုင်ရဲတယ် ..ငါ ရင်မဆိုင်ရဲတာ ငါမွေးတဲ့ငါသားသမီးတွေ ငါလို ပညာတတ် မဖြစ်မှာ၊ ပတ်ဝန်းကျင်ရဲ့ အချိုးအနှိမ်ကို ခံရမှာကိုပဲ.. မင်း ဘာသူ စဉ်းစားပေါ့ ” ..ဒါ ကျွန်တော်(၁၀)တန်းကို ရောက်တဲ့နှစ်မှာ ကျွန်တော်ကို အမေ ပြောခဲ့တာပါ..ကျွန်တော် ဒီစကားတွေကြောင့် ကျွန်တော် ဘ၀ ကိုပြု ပြင်ခဲ့တယ်.. အခုတော့ အမေ လိုချင်တဲ့ ဘ၀ တစ်ခု ကိုကျွန်တော် ပိုင်ဆိုင် ခဲ့ပြီ..အမေရဲ့စကားတွေဟာ ကျနော်အတွက်တော့ ခွန်အား တွေပါ.. ကျွန်တော် ဒီဘ၀ကို ရောက်တော့ အမေ ဘာတွေ ခံစားရလဲ.. ပီတိတွေ ပတ်ဝန်းကျင်ရဲ့ ချီးကျူးမှု.တွေပဲ ရခဲ့ရတာပါ..အားလုံး ဟာကျွန်တော် တို့အတွက်ချည်းသူ လုပ်ပေးရတာချည်းပါ .. ကျွန်တော်ဆိုလိုချင်တာက မိဘဆိုတာ သူတို့ရဲ့ အနေအထား၊ဘ၀ပေးအ ခြေနေပါ် မူတည်ပြီး သားသမီးတွေကို ထိန်းကြောင်းကြရတာပါ.. သားသမီးကို ချစ်သော်လည်း သူတို့ကို မှီခို ကိုယ့်အစွမ်းအစကို ထုတ် မသုံးတတ်မှာ ဆိုးလို့ မချစ်ချင်ယောင်ဆောင် နေပြရတာ တွေလဲရှိကြတယ်..သားသမီးကို ကောင်းစေချင် လို့ရိုက်နှက်ရပေမယ့် သူတို့ ရင်ထဲမှာဘယ်လောက်ထိ စိတ်ထိခိုက်ရတယ် ဆိုတာကျွန်တော် တို့ သိခဲ့ရပြီ..ကျွန်တော် ဘ၀ရဲ့မီးရှူးတန်ဆောင်ဟာ အမေပါ..ထို ကြောင့်ကျွန်တော် တို့အသက်ရှင်သရွေ့ ကာလပတ်လုံး ကျွန်တော်တို့မိဘတွေကို မမေ့ကြပါနဲ့လို့ကျွန်တော် တိုက်တွန်းပရစေ..

No comments: