Saturday, February 16, 2008

ငါ့စိတ်ဓာတ်....

ငါသည်
ငါဘ၀သည်
မုန်တိုင်းထန်ထန်၊လေနီကြမ်းကြမ်း
ထိုးနှက်ဒဏ်ရာ
ကံကြမ္မာစုံ ၊ အဖုံဖုံနှင့်
စီးကျမျက်ရည်
ပင်လယ်ဝေမတတ်
အကြိမ်ကြိမ်ရှုံးနှိမ့်
ငါကြုံတွေ့ခဲ့........
လောကဇာတ်ထုပ်
ပြဇာတ်ရှုပ်မှာ
ကကြိုးရှုပ်လို့
ဆူးနှင်းခလုတ်
မည်မျှရှုပ်လည်း
ကလပ်စည်းမျှင်
တစ်ပင်ကျန်စေ
ငါမသေ...........
မလျှော့သောလုံ့လ
ထက်သန်ကြွ၍
စုပေါင်းစွမ်းအား
ထက်မြတ်စိတ်ဓာတ်
မပြတ်လပ်ပဲ
အောင်မြင်မှု့လို့
လှမ်းဆွတ်သည်....
ငါ၏သစ္စာ၊ငါ့၏ဆန္ဒ
ဘယ်လိုဖျက်ဖျက်
မပျက်ယွင်းသည်..
ကျောက်ဆိုင်သို့တည်..
မရွေ့သည်..
မျှော်သန်ရည်စူး၊ငါ့စိတ်ကူးနဲ့
တောင်းတဆောင်ရွက်
ငါ့အိပ်မက်တို့
မနှေးသီးပွင့်စေလတ္တံ..
ရေးသားသူ-diencephalon

ဆက်ဖတ်ရန်...

Wednesday, February 13, 2008

ချစ်သူတွေရင်ခှုန်ကျတဲ့ ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့)

သူများတွေကချစ်သူများနေ့အတွက် ပြင်ကြဆင်ကြ ကိုယ့်ချစ်သူကိုဘာပေးရမလဲနဲ့ ချစ်သူများနေ့အကြိုပျော်ရွှင်နေကြတယ်.. ကျွန်တော် မှာတော့ အခုအချိန်ထိ ချောကလက်ကျွေးမယ့်လူ မရှိသေးဘူး... အားငယ်လိုက်တာဗျာ ..အားငယ်နေလို့မဖြစ်သေးပါဘူး..သူများတွေချစ် သူများနေ့အတွက်ပို့စ်တွေ တတ်နေတာ ငါလည်းအားကျမခံ တတ်အုံးမှ ဆိုပြီး ရှာလိုက်တာ မြန်မာသွေးအဖွဲ့က ရေးထားတဲ့ ချစ်သူများနေ့ ဆောင်းပါးလေး တွေ့လို့တင်ပေးလိုက်တယ် ဖတ်ပြီးရင်လည်း ဆက်ဖတ်ကြပေါ့ဗျာ...အဟီး

ဖေဖော်ဝါရီလရောက်လေတိုင်း ကမ္ဘာဝှမ်းမှာရှိတဲ့ ချစ်သူတွေကြား အမှတ်တရ လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနဲ့ အခြားလက် ဆောင်များကို St.Valentine အမည် နဲ့ အပြန်အလှန် လဲလှယ်ပေးပို့ လေ့ရှိကြတယ်.. သို့ ပေမယ့် St.Valentine ဆိုတဲ့ ထူးခြားတဲ့ သူတော်စင်ကြီး အကြောင်း မသိကြသလို ဘာ ကြောင့် St.Valentine day ကို အားလပ်ရက် အဖြစ် သတ်မှတ်သလဲဆိုတာ ကိုလည်းမသိ ကြပါဘူး..
ပါးစပ်ရာဇ၀င်အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine day အကြောင်းပြန်ပြော ရမယ် ဆိုရင်သူတော်စင် အကြီးအကဲကြီး St.Valentine အကြောင်း၊ တိမ်မြုပ်နေတဲ့ ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် ဖေဖော်ဝါရီလဟာ အချစ်ရည်၊အချစ်သွေးလွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာတရား ကို ကိုက်စားပြုတဲ့ လတစ်လလို့ သိထားကြပါတယ်။ ယနေ့ခေတ် ယနေ့အခါ နားလည်ထားကြတဲ့ St.Valentine day ဆိုတာ ရှေးခေတ်ရောမ ရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးမြတ်ထားသော နေထူးနေ့မြတ် တစ်ခုဖြစ်ပါတယ်။ ဒီလိုဆိုတော့ စဉ်းစားစရာ တစ်ခုပေါ်လာပြန်တယ် ။အဲဒါကတော့ St.Valentine နဲ့ ဘာသာရေးပွဲတွေ ဘယ်လိုဆက်စပ်မှု့ရှိတယ်ဆိုတာ ပါပဲ။
ဒီနေ့ခေတ်မျာ ကတ်သိုလစ် ဘုရားကျောင်းတွေမှာ သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စဉ်သုံးဦးရှိပါတယ်။ ဒဏ္ဍာ ရီတစ်ခု အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာပေါ် ထွန်းလာတဲ့ ဘုန်းတော်ကြီးတစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ်၂က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သညိ များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှု့ထမ်းစေပါတယ်။ အဲဒီအခါ သူတော်စဉ် Valentine ဟာဘုရင် ကလောဒီး ယပ်စ်တားမြစ်ထားတဲ့ ဥပဒေ အပြင်ဘက်ကနေ စစ်မှု့ထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့လုပ်ရပ်တွေကို ဘုရင်သိသွားသောအခါ သေဒဏ်ချမှတ် ခဲ့ပါတယ်။ အခြားပုံပြင်များ ထဲမှာတော့ Valentine ပာာအကျည်း ထောင်က အကျည်းသားတွေကို လွတ်မြောက်အောင်လုပ်ပေးခဲ့လို့ သေဒဏ်ချခံရတယ်လို့ ဆိုထားပြန်တယ်။
နောက်ဒဏ္ဍာရီ တစ်ခုမှာတော့ Valentine ဟာပထမဆုံး ချစ်သက်လက်ဆောင်ကို သူကိုယ်တိုင်ပေးပို့ ခဲ့တယ် လို့ဆိုထားပါတယ်။ အ ကျည်းချခံတားရစဉ် Valentine ဟာ သူထံအလည်လာတွေ့တတ်သူ ထောင်မှုးသမီးနှင့် ချစ်ကြိုးသွယ် ခဲ့တယ်လို့ ဆိုထားပါတယ်။ သူမ သေဆုံးခင် စာတစ်စောင်ရေးသားရာမှာ `From your Valentine' လို့ လက်မှတ်ရေးထိုးခဲ့ပါသတဲ့။ စာအရေးအသားကို ထောက်ရှု့ခြင်း အားဖြင့် ယနေ့ခေတ်အသုံးအနှုန်းများနှင့် ကိုက်ညီမှု့ ရှိတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးကွဲလဲပေမယ့် valentine ဒဏ္ဍာရီ ရဲ့နောက်ကွယ်မှာတော့ အမှန်တရားတစ်ခု တိမ်မြုပ်နေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေပေမယ့် Valentine ရဲ့ဒဏ္ဍာရီများဟာ ကြင်နာဂရုနာတရား ၊သူရဲကောင်းပီသမှု့နဲ့ အခြားအရေးပါသော ချစ်ခြင်းမေတ္တာသင်္ကေတတွေ အထင်အရှားပါနေတာ တွေ့ရပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နှင့်အင်္ဂလန် နိုင်ငံတွေမှာ အတော်ခေတ်စားနေခဲ့ပြီး အယူအဆအမျိုးမျိုးက လဲဆင့်ပွားဖြစ်ပေါ်လာပါတယ်။ အချို့ ကတော့ St.Valentine ဟာခေါင်းဖြတ် အသတ်ခံရကြောင်းအဆို ရှိပြီး အခြားပြောစကားများအရ St.Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးကြောင်း သိရှိရပါသည်။ ၁၈၃၅ ခုနှစ်မှာ Valentine ရဲ့ အရိုးပြာကို (သို့ )ရုပ်ကြွင်းကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံပုပ်ရဟန်းမင်းကြီး Gregory XVI ပေးအပ်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်း မှု့ကြောင့်အိုင်ယာလန် ဘုန်းတော်ကြီးများရဲ့များစွာ အထင်ကြီး လေးစားမှု့ကို ခံခဲ့ရပါတယ်။ ဒီအတွက် ရောမကို ပုပ်ရဟန်းမင်း ကြီး ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုတ်နဲ့ ထည့်ထားတဲ့ Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန်ဘုန်း တော်ကြီးများကိုလက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ Valentine ရဲ့အရိုးပြာများထည့်ထားတဲ့ ရွှေကြုတ်ကို Valentine`s Day ရောက် လေတိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာလူတိုင်းသွားရောက် ကြည့်ရှု့နိုင်ကြောင်း သိရှိရသည်။
လူအချို့ရဲ့ ယုံကြည်မှု့အရ Valentin`s Day ကိုဖေဖော်ဝါရီလလယ်မှာ ကျင်းပခဲ့တာ အေဒီ ၂၇၀ ၀န်းကျင်ကထဲက ဖြစ်ပါတယ် ။အချို့က St,Valentine Day စားပွဲသောက်ပွဲများကို ဖေဖော်ဝါရီ လလယ်မှာ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းများမှာ ကျင်းပဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆရပါတယ်။ St,Valentine Day ကိုကိုယ်စားပြုပြီး ခရစ်ယာန်ဘာသာဝင်များရဲ့ Pagan lupercalia ပွဲတော်များကို သျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင် ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ်။ အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြူလုပ်ကြပြီး ဆားများ၊Spelt အ မည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Re mus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်း ခဲ့ကြတဲ့ဂူထဲမှာ စုဝေးကြရလေ့ရှိတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံဇြိုးတိုးတတ်မှု့အတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှု့အတွက် ယဇ်ပူဇော်တတ်ရပါတယ်။ လူငယ် ယောကျာ်းလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ်ပက် ဖြန်းသွားကြပါတယ်။ လမ်းလျှောက် စောင့်နေတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်သို့ ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာစိမ့်ဝင် နေတဲ့သွေးများနဲ့ သူတို့ကိုယ် သူတို့ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးပေးမယ်လို့ ယုံကြည် ကြလို့ဖြစ် တယ်။ဒဏ္ဍာရီအရ အမျိုးသမီးငယ်များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ ရဲ့ ကာလသားများက အဆိုပါ ခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိချစ်သူမိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲရှာပွဲဟာ လက်ထက်ပေါင်းသင်းတဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius ကအေဒီ ၄၉၈ ခုနှစ်မှာ St.Valentine Day ကိုဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့စုံတွဲရှာဖွေရေး ကံစမ်းမဲစနစ်သစ်တစ်ခုဖြစ်ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများရဲ့ ဥပဒေစည်းမျဉ်းပြင်ပ ကလူများ အတွက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာခေတ်ကာလရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီ ၁၄ကို ငှက်များအဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်တယ်။ ထိုမှစ၍ ခေတ်ကာလပြောင်းလဲလာရာမှ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine`s Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။
အစောဆုံး Valentine`s Day အထိမ်းအမှတ်ကဗျာကို Charles Duke of Orleans မှလန်ဒန်မျှော်စင်ပေါ် အကျဉ်းကျနေစဉ် သူ့ချစ်ဇ နီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle ofAgincout စစ်ပွဲမှာ ဖမ်းဆီးခံရပြီး လန်ဒန်မျှော် စင်မှာပထမဆုံး အကျည်းချခံရသူ ပြင်သစ်လူမျိုးဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာသောအခါမှာ ဟင်နရီ၅ ဘုရင်ကစာဆိုတစ်ဦးငှားပြီး သူ့ ချစ်သူ Catherine of Valois ထံ ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
Valentine`s Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid ဖူးစာရေးနတ်လေးကတော့ ကလေးခယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံ တစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်သမီး ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ကျမ်းမှာတော့ Apphrodite ရဲ့ သားတော် Eros လို့သိရပါတယ်။
Great Britain မှာ၁၇ ရာစုမှာ ချစ်သူများနေ့ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ရာစုအလယ်မှာ လူမှု့အသိုင်းအ၀န်းမှာ ချစ်သူများအတွက် သာမက ပွဲလမ်းသဘင်နှစ်သက်သူများပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြားလေးများ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ် ဝေတဲ့ကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက်အားကိုးဖော် ရလာတဲ့နည်းဖြစ်ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine`s Day လက်ဆောင်များကို၁၇၀၀ပြည့်နှစ် အစောပိုင်းထဲက ပြု လုပ်ခဲ့ပါတယ်။၁၈၄၁` ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A.Howland ဆိုသူက ပထမဆုံး Valentine လက်ဆောင်ကို စတင်တီ ထွင်သူဖြစ်ပါတယ်။
Greeting Card Assocငation က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယ့လောက် ပို့သပေးရကြောင်းနဲ့ ခရစ်စမတ်ကဒ်များအပြီးဒုတိယ အရောင်းရဆုံးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Valentine လက်ဆောင် ၈၅% ကိုအမျိုးသမီးများက ပေး ချေကြပါတယ်။ အမေရိကမှာ Valentine` Day ကျင်းပ သလို အခုအခါ ကမ္ဘာနိုင်ငံ အနှံအပြားမှာလည်း ကျင်းပလျက်ရှိပါသည်။

ဆက်ဖတ်ရန်...

Tuesday, February 12, 2008

အမေ

အကြော်ဗန်းလေး ခေါင်းပေါ်ရွက်
လမ်းတကာလှည့် ဈေးရောင်းရတဲ့ အမေ
ဈေးရောင်းပြန်လာ
ထမင်းဟင်းချက် အလုပ်မပြတ်တဲ့ အမေ
သမီးအလှ ဆရာဝန်မ
သားအလှ အင်ဂျင်နီယာဘဝ
ရောက်ချင်ခဲ့တဲ့အမေ
သားသမီး ဘ၀ ရည်မှန်းချက်နဲ့
ဈေးဗန်းလေး ခေါင်းပေါ်ရွက်
မမောနိုင် မပန်းနိုင်ငွေရှာခဲ့တဲ့ အမေ
အခုတော့လေ ...
အမေ ဖြစ်ချင်တဲ့ဘဝ
သားတို့ရောက်ခဲ့ပြီ ..
အမေကတော့
ဇရာထောင်း၊ အိုမင်းရင့်ရော်နေပြီ ..
အမေ...

ဆက်ဖတ်ရန်...

Friday, February 8, 2008

ကောင်မလေးသို့

ကိုယ့်ဘာကိုမှ မျှော်လင့်မထားပါဘူး။
ကိုယ့်အိမ်ပြန်ချိန်တောင် မသေချာတဲ့ဘ၀မှာ
ကိုယ့်ဘာကိုမှ မမျှော်လင့်ပါဘူး။
ကိုယ့်က ကောင်မလေးရဲ့ညမှာသာမယ့် လတစ်စင်းလည်း မဟုတ်ဘူး။
ကိုယ့်အမှောင်ကိုတောင် အလင်းရောင်မပေးနိုင်တဲ့ဘ၀မှာ.....
ကောင်မလေးအတွက် ပိုးစုန်းကြူးတစ်ကောင်လောက်တောင်.....
မလင်းနိုင်ခဲ့ပါဘူး.......
ကောင်မလေးရေ..........................................................
ကိုယ့်ဘာကိုမှမမျှော်လင့်ဘူး။
ကိုယ့်မာနကိုရေလုံပြုတ်ပြီးမျိုမျိုချနေရတဲ့ ဘ၀မှာ...............
ကိုယ်ဘာကိုမှမမျှော်လင့်ဘူး။
ကောင်မလေး လျှောက်မယ့်လမ်းမှာ ကိုယ့်ကျောကိုခင်းပေးထားချင်ပေမယ့်..
ကောင်မလေးရဲ့ ခြေဖ၀ါးဝါးနုနုလေးတွေ ပွန်းကုန်မှာစိုးတယ်...
ကောင်မလေးနေမယ့် ရာသီဥတုအတွက် ကိုယ့်ပတ်ဝန်းကျင်က ညစ်ညမ်းလွန်းမှာစိုးတယ်..
ကောင်မလေးပျော်မယ့် ပွဲတော်မှာ ကိုယ့်ယဉ်ကျေးမှု့ ကခေါင်းပါးလွန်းမှာစိုးတယ်...
ကောင်မလေးရယ် ကိုယ့်ဘာမှမမျှော်လင့်ပါဘူး...
ကိုယ့်အနာဂတ်တွေနဲ့ အတိတ်တွေကို စောင်တစ်ထည်ကို လုံးထွေးပြီး...
အဲဒီညထဲမှာပဲ...အေးခဲနေလိုက်တော့မယ်....
(ထပ်မံခံစားတင်ပြသည်)

ဆက်ဖတ်ရန်...

Tuesday, February 5, 2008

ရှိုက်သံ

ကောင်မလေးရယ်
အတ္တတွေ ပြည့်နေတဲ့
ငါ့ရင်ထဲမှာ
နင့်အတွက်
ချစ်ခြင်းမေတ္တာရှိနေတယ်...
နောက်လှည့်ကျောခိုင်း
အပြိုင်းအရိုင်းလေပြင်းတွေနဲ့အတူ
စိမ်းကားခြင်းတွေဝင်ရောက်
မျှော်လင့်ချက်တွေများပျောက်ခဲ့ရင်
ကောင်မလေးရေ
ဖြေရာမဲ့ခဲ့ဝေဒနာတွေနဲ့
လူကွယ်ရာတစ်ယောက်ထဲ
ကြိတ်မှိတ်ငိုနေခဲ့
ငါ့ရဲ့နင်မသိနိုင်တဲ့
............................
...........................
ရှိုက်သံသဲ့သဲ့လေး

ဆက်ဖတ်ရန်...

Friday, February 1, 2008

“ငါ့၏သိခြင်း”

ရော်ရွက်ကြွေမြင်တိုင်း
မသိစိတ်မှာ
ဘာလိုလိုလွမ်းမိရဲ့
အဖြေရှာမကြည့်တော့ဘူး...
ကိုယ့်စိတ်နဲ့ကိုယ်
သံသရာ တစ်ပတ်
ဖိနပ်စုတ်နဲ့ လည်ပတ်
ပန်းတွေလဲ တစ်ချိန်ကျရင်
နွမ်းကြွေရတာပဲ
စမ်းတွေလဲ တစ်ချိန်ကျရင်
ခန်းခြောက်ကြတာပဲ..
သြော်..................
ငါသည်လည်း
တစ်ချိန်ချိန်ကျရင်
တွေးမိရင်း
တိုးတိတ်စွာ သိတဲ့
အနက်ရှိုင်းဆုံး
အဓိပ္ပါယ် တစ်ခုသည်
.........................
ငါသည်...ငါသည်လဲ....
.............................
.............................

ဆက်ဖတ်ရန်...

Wednesday, January 30, 2008

တွေးခြင်း

တောင်ပေါ်လမ်း
ညကားစီးသလို
တစ်ဖက်မှာ ချောက်ကမ်းပါး
တစ်ဖက်မှာ တောင်နံရံ
ဘယ်နေရာရောက်လို့ရောက်မှန်းလည်းမသိ
မသိမသာရော သိသိသာသာရော
ငိုက်မြည်းရင်း သမ်းဝေရင်း
ခရီးဆုံးမှာ
သက်ပြင်းတစ်ချက်အရှိုက်.............
မမြင်ရတဲ့အနာဂတ်နဲ့
လက်ရှိ ဘ၀ကိုရုန်းကန်ရင်း
တစ်ကယ်လို့များ
မျှော်လင့်တဲ့လမ်းဆုံးမရောက်ခင်
တစ်ခုခုများ လွဲချော်ခဲ့ရင်
အဆုံးသတ်ခြင်းရဲ့
သက်ပြင်းမောတစ်ခုကို
တမ်း..တ...မိ..မှာ............................
.

ဆက်ဖတ်ရန်...