Thursday, January 17, 2008

ရောင်စုံခြယ်

အတ္တရောင်စဉ်
စီးပျော်နေတဲ့ လောကကြီးကို
အနီရောင် ရဲရင့်မှု့တွေနဲ့
ဖြတ်ကျော်လိုက်ပါ...ချစ်သူ
ဒဏ်ရာဆိုတာ
စစ်မြေပြင်ရဲ့ အမှတ်တံဆိပ်ပါ
အချစ်ဒဏ်ရာရခဲ့လို့
တွေးလန့်မှု့နဲ့ကြောက်နေမယ်ဆိုရင်
အတ္တရောင်စဉ်
အစိမ်းလွင်ပြင်မှာ
ဟားတိုက်ခံရမှာပေါ့
ရဲရင့်လိုက်စမ်းပါ...ချစ်သူ
ခရမ်းရောင်ဂီတကြားမှာ
မဟူရာကော်ဖီသောက်ရင်း
ကခုန်လိုက်ရအောင်
အချစ်ကမ္ဘာကို
နှလုံးသားသံစဉ်အသစ်နဲ့ပေါ့...

1 comment:

Emily said...

ကဗျာလေး ကောင်းတယ် ညီလေး။ နောက်ထပ် အသစ်တွေကို စောင့်မျှော်နေတယ်။ အဆင်ပြေပါစေ။