Saturday, February 16, 2008

ငါ့စိတ်ဓာတ်....

ငါသည်
ငါဘ၀သည်
မုန်တိုင်းထန်ထန်၊လေနီကြမ်းကြမ်း
ထိုးနှက်ဒဏ်ရာ
ကံကြမ္မာစုံ ၊ အဖုံဖုံနှင့်
စီးကျမျက်ရည်
ပင်လယ်ဝေမတတ်
အကြိမ်ကြိမ်ရှုံးနှိမ့်
ငါကြုံတွေ့ခဲ့........
လောကဇာတ်ထုပ်
ပြဇာတ်ရှုပ်မှာ
ကကြိုးရှုပ်လို့
ဆူးနှင်းခလုတ်
မည်မျှရှုပ်လည်း
ကလပ်စည်းမျှင်
တစ်ပင်ကျန်စေ
ငါမသေ...........
မလျှော့သောလုံ့လ
ထက်သန်ကြွ၍
စုပေါင်းစွမ်းအား
ထက်မြတ်စိတ်ဓာတ်
မပြတ်လပ်ပဲ
အောင်မြင်မှု့လို့
လှမ်းဆွတ်သည်....
ငါ၏သစ္စာ၊ငါ့၏ဆန္ဒ
ဘယ်လိုဖျက်ဖျက်
မပျက်ယွင်းသည်..
ကျောက်ဆိုင်သို့တည်..
မရွေ့သည်..
မျှော်သန်ရည်စူး၊ငါ့စိတ်ကူးနဲ့
တောင်းတဆောင်ရွက်
ငါ့အိပ်မက်တို့
မနှေးသီးပွင့်စေလတ္တံ..
ရေးသားသူ-diencephalon

1 comment:

Anonymous said...

ဘယ်တော့မှ ဇွဲမလျှော့ဘူး၊ စိတ်ဓာတ်မကျဘူးဆိုတဲ့ သဘောလားပာင်.. ကိုယ့်ကိုယ်ကိုအားပေးထားတာပေါ့.. ပထမဆုံးအကြိမ်လာသွားပါတယ်နော်.. ကဗျာလေးကို ခံစားသွားတယ်..