Wednesday, January 30, 2008

တွေးခြင်း

တောင်ပေါ်လမ်း
ညကားစီးသလို
တစ်ဖက်မှာ ချောက်ကမ်းပါး
တစ်ဖက်မှာ တောင်နံရံ
ဘယ်နေရာရောက်လို့ရောက်မှန်းလည်းမသိ
မသိမသာရော သိသိသာသာရော
ငိုက်မြည်းရင်း သမ်းဝေရင်း
ခရီးဆုံးမှာ
သက်ပြင်းတစ်ချက်အရှိုက်.............
မမြင်ရတဲ့အနာဂတ်နဲ့
လက်ရှိ ဘ၀ကိုရုန်းကန်ရင်း
တစ်ကယ်လို့များ
မျှော်လင့်တဲ့လမ်းဆုံးမရောက်ခင်
တစ်ခုခုများ လွဲချော်ခဲ့ရင်
အဆုံးသတ်ခြင်းရဲ့
သက်ပြင်းမောတစ်ခုကို
တမ်း..တ...မိ..မှာ............................
.

No comments: