Monday, January 28, 2008

ကွာခြားခြင်း

ဟိုးမှာ....
ကြည့်လိုက်သူငယ်ချင်း
အဲဒါ မြို့ပြတဲ့
အရောင်ဆိုးထားတဲ့အသုံးအဆောင်တွေ
အဆောင်ယောင်တွေနဲ့
လူမဆန်တဲ့ ညှီစော်ကနံတယ်
တောင်ပေါ်ကစမ်းချောင်းလို
ကျဉ်မြောင်းကောက်ကွေ့တယ်
ကိုယ့်ဘက်လာရင်
လမ်းဖယ်ပေးဖြစ်အောင်ဖယ်ပေးလိုက်ပါ သူငယ်ချင်း
............................
တစ်ဖက်ကိုကြည့်လေ
ွှအဲဒါက ငါတို့ရဲ့ တောတောင်
မာနဆိုတာ နတ္တိ
အတ္တိမရှိ
ဖြူစင်ခြင်းတွေနဲ့ပြည့်နေတယ်
တစ်ယောက်ကိုတစ်ယောက်
ကူညီဖေးမ ရိုင်းပင်းမှုတွေနဲ့
ပျော်စရာလဲ အတိ
......................................

No comments: