Monday, December 17, 2007

ဒိုင်ယာရီ(၄)

တရားမ၀င်တဲ့
တဖက်သတ်အလွမ်းတွေနဲ့
တောက်ပကျွမ်းလောင်လို့
ခေါင်းထဲကထုပ်ပစ်တဲ့အတွေးတွေ
နှလုံးသားထဲရှုပ်ပွခဲ့
သိခဲ့ဖို့ကောင်းတယ်
ငါ့အချစ်တွေဈေးကွက်မ၀င်မှန်း
အခုတော့လည်း
ငါ့တောင်ပံပေါ်ကအိပ်မက်တွေခါချ
သိစိတ်မူးမူးတွေနဲ့
အိပ်တန်းဆီငါပြန်ခဲ့ပြီ...။