Sunday, December 16, 2007

ကျေးဇူးပြု၍

ကျေးဇူးပြု၍
ငါ့ကိုတည့်တည့်ကြီး
စိုက်မကြည့်ပါနဲ့
ငါ့အမြင်တွေေ၀၀ါးလာလို့
ရက်စက်လိုက်တာ
အဲ့လောက်ကြီးမပြုံးပါနဲ့ကွာ
ဟိုမှာပန်းပွင့်တွေသိမ်ငယ်လို့
ခေါင်းငုံနေပြီ...........
ဖြစ်နိုင်ရင်မင်းစကားလုံးတွေ
ခဏလောက်ရပ်ပေးပါ
ငါ့အသက်ရှုကြပ်လာလို့
ငါ့ကိုတကယ်သနားရင်
မင်းအနမ်းတွေကိုရုပ်သိမ်းပေးပါ
ခံနိုင်ရည်မရှိပဲ
ငါ့လဲကျသွားမှာစိုးလို.....။

No comments: