အကြော်ဗန်းလေး ခေါင်းပေါ်ရွက်
လမ်းတကာလှည့် ဈေးရောင်းရတဲ့ အမေ
ဈေးရောင်းပြန်လာ
ထမင်းဟင်းချက် အလုပ်မပြတ်တဲ့ အမေ
သမီးအလှ ဆရာဝန်မ
သားအလှ အင်ဂျင်နီယာဘဝ
ရောက်ချင်ခဲ့တဲ့အမေ
သားသမီး ဘ၀ ရည်မှန်းချက်နဲ့
ဈေးဗန်းလေး ခေါင်းပေါ်ရွက်
မမောနိုင် မပန်းနိုင်ငွေရှာခဲ့တဲ့ အမေ
အခုတော့လေ ...
အမေ ဖြစ်ချင်တဲ့ဘဝ
သားတို့ရောက်ခဲ့ပြီ ..
အမေကတော့
ဇရာထောင်း၊ အိုမင်းရင့်ရော်နေပြီ ..
အမေ...
No comments:
Post a Comment